ညောင်တုန်းမြို့နယ်အတွင်းရှိ Deliveryလုပ်ငန်းရှင် များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်း

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်း Delivery ဝန်ဆောင်မှု ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေအရ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များနှင့် သိကောင်းစရာကိစ္စရပ်များ အသိပညာပေး ဟောပြောခြင်းအား ၂၁.၂.၂၀၂၅ ရက်နေ့ နံနက်(၁၀)နာရီက မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ရုံးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်က Delivery လုပ်ငန်းရှင် ပြည့်ဝကုန်စည်ပို့ဆောင်ရေး ခေးခေးလေး ကုန်စည်ပို့ဆောင်ရေး၊ Royal Express လုပ်ငန်းများအား မိမိကုန်စည်နှင့် ဝန်ဆောင်မှုများကို သတ်မှတ်ချက်အတိုင်း လိုက်နာမှုမရှိပဲ လုပ်ငန်းလုပ်ဆောင်နေပါက စားသုံးသူကာကွယ်ရေး ဥပဒေအရ စားသုံးသူတောင်းဆိုနိုင်သည့် အခွင့်အရေး၊ တားမြစ်ချက်ဆိုင်ရာပြဋ္ဌာန်းချက်၊ ဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ပါက ကော်မတီအနေဖြင့် အရေးယူဆောင်ရွက်ရ မည့်လုပ်ငန်းစဉ် လျော်ကြေးငွေပေးစေခြင်း၊ ဒဏ်ကြေးငွေချမှတ်ခြင်း၊ ကုန်စည်ဝန်ဆောင်မှုကို ကာလအကန့်အသတ်တားမြစ်ခြင်း၊ လုပ်ငန်းလိုင်စင် ယာယီ/ အမြဲပိတ်သိမ်းနိုင်ရန် အစိုးရဌာနနှင့်ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်နိုင်ကြောင်းကို လုပ်ငန်းလုပ်ကိုင်သူ Deliveryလုပ်ငန်းရှင် များအားအသိပညာပေးရှင်းလင်းဆွေးနွေးခဲ့သည်။ စားသုံးသူရေးရာ အချက်အလက်နှင့်ပတ်သက်၍ စားသုံးသူ/စီးပွားရေးလုပ်ငန်းရှင်များက ဦးစီးဌာန၏ Consumer Call Center နံပါတ် 1535 သို့ ရုံးချိန်အတွင်းလည်းကောင်း ဆက်သွယ်မေးမြန်း နိုင်ကြောင်းအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)