
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ စားသုံးကာကွယ်ရေးအသိပညာပေးလုပ်ငန်း Talk Show ကို ၂၄.၂.၂၀၂၅ နေ့ နံနက် ၁၁၀၀ နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိလုပ်ဆောင်နေသော လုပ်ငန်း ဆောင်ရွက် ချက်များအကြောင်းကို မေးမြန်းဆွေးနွေးသဖြင့် ဈေးကွက်စောင့်ကြည့်စစ် ဆေးခြင်း လုပ်ငန်းစဉ်နှင့် စစ်ဆေးရေးအရာရှိ၏ ဈေးကွက်အတွင်းကုန်စည်များ ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများအကြောင်းကို ရှင်းလင်းဆွေးနွေးရာ ဈေးကွက် စောင့်ကြည့် စစ်ဆေး၏ ရည်ရွယ်ချက်ဖြစ်သော စားသုံးသူကိုကာကွယ်ေ၌းခြင်း၊ စီးပွားရေး လုပ်ငန်းရှင် များကို မျှတစွာ ယှဉ်ပြိုင်စေခြင်း၊ ယုံကြည်စိတ်ချရသော စီးပွားရေးဝန်းကျင်ကောင်းကို ဖန်တီပေးခြင်းဖြစ်ကြောင်း၊ ဈေူကွက်စောင့်ကြည့်စစ်ဆေးခြင်း၏ စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များအကြောင်းကိုလည်းကောင်း၊ ကုန်စည်စစ်ဆေးခြင်း ပုံမှန်စစ်ဆေးခြင်း၊ ဦးစီးပေးကုန်စည်စစ်ဆေးခြင်း၊ နောက်ဆက်တွဲစစ်ဆေးခြင်း အကြောင်းကိုလည်းကောင်း၊ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းစဉ်ဖြစ်သော မျက်မြင် စစ်ဆေးခြင်း၊ ဓါတ်ခွဲစမ်းသက်စစ်ဆေးခြင်း၊ ကျွန်းကျင်သူထင်မြင်ယူဆချက်၊ ကုန်စည်သက် ဆိုင်သည့် သတ်မှတ်ထုတ်ပြန်ချက် သွင်ပြင်လက်ခဏာ၊ အပြစ်အနာအဆာ၊ ကုန်စည်နှင့် စပ်လျဉ်းသည် သတိပေးချက်၊ ထိခိုက်နစ်နာမှု အခြေအနေများကို စစ်ဆေးခြင်း၊ နောက်ဆုံးသုံးစွဲရက်ကျော်လွန်မှု ရှိ/မရှိကို စစ်ဆေးခြင်းများကိုစိစစ်ကြပ်မတ် ဆောင်ရွက်ခြင်းများဆောင်ရွက်လျက်ရှိပြီး ကနဦးစစ် ဆေးခြင်းများ၊ ထုတ်ကုန်စမ်း သက်စစ်ဆေးခြင်းများ၊ အသိပညာပေးခြင်းလုပ်ငန်းများ၊ ပြန်လည်သိမ်းဆည်းခြင်းအတွက် ပူးပေါင်းဆောင်ရွက်မှု တို့ကိုရှင်းလင်းပြီး ကောင်းကျိုး၊ ဆိုးကျိုး၊ ရလာဒ်သင်ခန်းစာများ ရှာဖွေဖော်ထုတ် ကိုင်တွယ်ဖြေရှင်း ကူညီဆောင်ရွက်လျှက်ရှိကြောင်း တို့ကို အများပြည်သူ သိရှိနိုင်ရန် ရှင်းလင်းခဲ့သည်၊၊
ဆက်လက်၍ စားသုံးသူဖြစ်ဖြစ်၊ မည်သည့် စီးပွားရေး လုပ်ငန်းရှင် ဖြစ်ဖြစ် စားသုံးသူကာကွယ်ရေးလုပ်ငန်းနှင့် ပတ်သက်၍ သိရှိလိုပါက Consumer Call Center နံပါတ် 1535 သို့ ရုံးချိန်အတွင်းလည်းကောင်းဆက်သွယ်မေးမြန်းနိုင်ကြောင်းနှင့် စားသုံးအခွင့် အရေး နစ်နာဆုံးရှုံး မှု ရှိလာပါက တိုင်ကြားနိုင်ကြောင်းကိုလည်း ပြည်သူများသိရှိနိုင်ရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)