စိန်သီဟ ဆန်စက်လုပ်ငန်းသို့ ဆန်၊ စပါး ဝယ်ယူနေမှု ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်မှ မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် မိတ်ဖက်အဖွဲ့အစည်းဖြစ်သော စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၂၄.၂.၂၀၂၅) ရက်နေ့ နံနက် (၁၀၃၀) နာရီအချိန်တွင် မအူပင်မြို့ရှောင်လမ်းရှိ စိန်သီဟ ဆန်စက်သို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းလေ့လာ ဆောင်ရွက်ခဲ့ပါသည်။

            အဆိုပါ ကွင်းဆင်းလေ့လာမှုတွင် မအူပင်မြို့နယ်၊ မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးနှင့် စိန်သီဟ ဆန်စက်ပိုင်ရှင် တို့တွေ့ဆုံ၍ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေးအတွက် ဆန်စက်လုပ်ငန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းခြင်း၊ မအူပင်မြို့နယ်၏ ဆန်၊စပါး ဈေးကွက်အခြေအနေ၊ ရန်ကုန်သို့ ဆန်တင်ပို့နိုင်မှု အခြေအနေများနှင့် ဆန်းစပါးလုပ်ငန်း၏ ဖွံ့ဖြိုးတိုးတက်ရေး၊ လက်ရှိတွင် ဧည့်မထ စပါးလက်ကျန် ၇၀၀၀တင်းရှိပြီး နေစဉ် ၁၅တန်ကျ ကြိတ်ခွဲလည်ပတ်ကာ ဒေသတွင်းသို့ ရည်ညွှန်းဈေးဖြင့် ရောင်းချနေပြီး ရန်ကုန်သို့လည်း ဆန်/စကွဲ အနည်းငယ် တင်ပိုလျှက်ရှိကြောင်း သိရပြီး စပါး/ဆန်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး နှင့် myro တွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည်ပြီးဖြစ်လျှင် သက်တမ်းတိုးဆောင်ရွက်ပေးနိုင်ရန်တို့ကို အကျယ်တဝင့် ဆွေးနွေးအသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

DOCA(ဧရာဝတီ)