စက်မှုဇုန်ရှိ အထည်လိပ်စက်ရုံများသို့ ကွင်းဆင်း

Powered by Drupal

                စားသုံးသူရေးရာဦးစီးဌာန ၊ မိတ္ထီလာခရိုင်ဦးစီးမှူး ဦးဇော်မင်းဦးဆောင်သောအဖွဲ့သည် မိတ္ထီလာမြို့စက်မှုဇုန်ရှိ ယက္ကန်းစက်၊ အထည်လိပ်၊ အထည်ချုပ်လုပ်ငန်းများသို့ သွားရောက်ကွင်းဆင်း လေ့လာခဲ့ကြောင်းသိရသည်။ မိတ္ထီလာမြို့ စက်မှုဇုန်ရှိ ယက္ကန်စက်များအနေဖြင့် အထည်လိပ် (ပိတ် အုပ်)၊ ပုဆိုး၊ စောင်၊ ပတ်တီးလိပ် (ဆေးဝါးပစ္စည်းတို့ကို ထုတ်လုပ်ရာ လိုအပ်သောကုန်ကြမ်း ၁၀ ရည် ချည်၊ ၂၀ ရည်ချည်၊ ၁/၄၀ချည်တို့ကို ဝမ်းတွင်းမြို့နယ်မှအများဆုံးမှာယူပြီး၊ မြစ််သား၊ ပုလိပ်တို့မှလည်း မှာယူကြောင်း၊ ချည်ချော ၂-၂၀၀ ၊ ၂-၈၀ ချည်များကို ပွဲထိုင်ပုဆိုများအတွက် အမရပူရမှ မှာယူကြောင်း သိရသည်။ ယကွကန်းနှင့်တွဲ၍ အထည်ျုပ်လုပ်ငန််းတြွဖက်လုပ်ကိုင်သည့် စက်ရုံအချို့မှာ ချုပ်ပြီး အထည်များအနေနှင့် မဝတ်၊ ကလေးဝတ် အင်္ကျီ ၊ ဘောင်ဘီ၊ ဂါဝန်တို့ကို ရန်ကုန်၊ မန္တလေးနှင့် အနယ် နယ်အရပ်ရပ်သို့ တင်ပို့နိုင်ကြောင်းသိရသည်။

                စားသုံးသူရေးရာဦးစီးဌာန ၊ မိတ္ထီလာခရိုင်အနေဖြင့် ဒေသတွင်း အသေးစား၊ အငယ်စား၊ အလတ်စားစက်မှုလက်မှုလုပ်ငန်းများ လုပ်ငန်းလည်ပတ်မှုအခြေအနေ၊ ကုန်ကြမ်း၊ ကုန်ချော ဈေး ကွက်ဈေးနှုန်းများကို လေ့လာသိရှိနိုင်ရန် ကွင်းဆင်းလေ့လာခြင်းဖြစ်ကြောင်း သိရှိရသည်။

DOCA(မန္တလေး)