ရမည်းသင်းမြို့နယ်အတွင်းရှိ ဆီစက်များသို့ ကွင်းဆင်းဆောင်ရွက်

Powered by Drupal

          ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၂၁)ရက်နေ့တွင် စားသုံးသူရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ရမည်းသင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သည့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေး နှင့် စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ရမည်သင်းမြို့နယ်ရှိ ဆီကြိတ်စက်များသို့ကွင်းဆင်း စိစစ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ကွင်းဆင်း အဖွဲ့အနေဖြင့် ဆီစက်များ၏ ဆီကြိတ်ခွဲထုတ်လုပ်မှုအပေါ် စက်စွမ်းအား၊ စက်လည်ပတ်မှုရှိ/မရှိ၊ ကုန်ကြမ်းဝယ်ယူမှု၊ ကုန်ချောထုတ်လုပ်မှု၊ တင်ပို့ရောင်းချမှုနှင့် ကြုံတွေ့ရသည့်အခက်အခဲအခြေအနေ များကို ကွင်းဆင်းစိစစ်လေ့လာခဲ့ကြသည်။

          ရမည်းသင်းခရိုင်အနေဖြင့် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်းသီးနှံနှင့် နေကြာတို့ကို စိုက် ပျိုးဖြစ်ထွန်းပြီး စားသုံးဆီကြိတ်ခွဲထုတ်လုပ်သည့်စက်အနေဖြင့် ရမည်းသင်းမြို့နယ်တွင် (၂၆ ) စက်၊ ပျော်ဘွယ်မြို့နယ်တွင်(၃၀)စက်၊ စုစုပေါင်း (၅၆) စက်ရှိကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန၏ စာရင်းများအရသိရသည်။ ဆီစက်များမှာ ဆီထွက်သီးနှံများကို တန်ဖိုးမြှင့်ထုတ်လုပ်နေ သော ကုန်ထုတ်လုပ်ငန်းများဖြစ်ရာ ဒေသတွင်း စားသုံးဆီထုတ်လုပ်နိုင်မှုအခြေအနေကို သိရှိနိုင်ရန် ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

DOCA(မန္တလေး)