
၂၀၂၅ခုနှစ် ၊ ဖေဖော်ဝါရီလ(၂၅)ရက်နေ့ ၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံး၌ ကျောက်ဆည်မြို့နယ်ရှိ အွန်လိုင်းမှတဆင့်ရောင်းချသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည် ။ ထိုသို့တွေ့ဆုံရာတွင် ကျောက်ဆည်ခရိုင်စားသုံးသူ ရေးရာဦးစီးဌာန ၊ ခရိုင်ဦးစီးမှူးက အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ(၂၁-၇-၂၀၂၄)ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃)ဖြင့် အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ်သတ်မှတ်ထားပါကြောင်း ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မည်သူမဆို အွန်လိုင်းစနစ်ဖြင့်ရောင်းချပါက မှတ်ပုံတင်လက်မှတ်လျှောက်ထားရမည်ဖြစ်ကြောင်း ၊ မှတ်ပုံတင်လျှောက်ထားခြင်းမရှိဘဲ အွန်လိုင်းမှရောင်းချခြင်းလုပ်ဆောင်မှုများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းအတွက် သတ်မှတ်ထားသည့်နှုန်းထားများ ၊ မှတ်ပုံတင်ခြင်း အတွက်လုပ်ဆောင်ရမည့်အချက် အဆင့်ဆင့်အား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရ ပါသည်။
DOCA(မန္တလေး)