
ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရန်နှင့် အငယ်စား၊ အသေးစား ၊အလတ်စား စီးပွားရေး လုပ်ငန်းများ(MSMEs)ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောက်ဆည်ခရိုင်၊စားသုံးသူရေးရာဦးစီး ဌာနရှိဝန်ထမ်းများမှ တစ်နိုင်တစ်ပိုင်သက်ကယ်လုပ်ငန်းယက်လုပ်၍ရောင်းချနေသော ကျောက်ဆည် မြို့နယ်၊လက်ပံပင်ကျေးရွာသို့ ကုန်ကြမ်းရရှိမှု ၊ ကုန်ချောဖြန့်ဖြူးမှု နှင့် လုပ်ငန်းလည်ပတ်မှုအားသွား ရောက်ကွင်းဆင်းလေ့လာခဲ့ပါသည် ။ လက်ပံပင်ကျေးရွာတွင် ရှေးယခင်က လယ်ယာစိုက်ပျိုးရေး အပြင်သက်ကယ်လုပ်ငန်းအား တစ်နိုင်တစ်ပိုင်ဖြင့် အိမ်တိုင်းယက်လုပ်လျှက်ရှိပြီး ရရှိလာသော သက်ကယ်များအား ဝါးနှီးထရံများရောင်းချသောဆိုင်များ၌ ဖောက်သည်သွင်းရကြောင်း ၊ ယခုအခါ တွင်ခေတ်စနစ်တွေပြောင်းလဲလာပြီး လူနေမှုပုံစံများ ပြောင်းလဲလာသည့်အတွက် သက်ကယ် အသုံးပြုသူနည်းပါးလာသောကြောင့် သက်ကယ်လုပ်ငန်းများလည်း ပျောက်ကွယ်လုနီးပါးဖြစ်ခဲ့ရပါ သည် ။ ယခုအခါတွင် သက်ကယ်အား စျေးကွက်ဝယ်ယူမှု ပြန်လည်ရရှိလာသည့်အတွက်ကြောင့် လုပ်ငန်းများပြန်လည်စတင်ခဲ့ကြောင်း၊သက်ကယ်ပြုလုပ်ရန်အတွက် ကုန်ကြမ်းအနေဖြင့်သက်ကယ်ပင် အားအသုံးပြုရကြောင်း၊၄င်းအပင်မှာ လယ်ကန်သင်းရိုးများတွင် အလေ့ကျပေါက်ပြီး သွားရောက်ရိတ် ယူရကြောင်း၊လူတစ်ဦးလျှင် တစ်မနက်ရိတ်ပါက သက်ကယ်စည်း လူတစ်ဖက်စာ(၂-၃)စည်း ရိတ်၍ရ ကြောင်း၊သက်ကယ်(၁)စည်းလျှင် သက်ကယ်ပျစ်(၂၀-၂၅)ပျစ်အထိရရှိကြောင်း၊သက်ကယ်ယက်လုပ် ရန်အတွက် ဝါးသက်ကယ်တံလိုအပ်ကြောင်း၊သက်ကယ်တံကို ဝါးဖြင့်ပြုလုပ်ပြီး ဝါးတစ်လုံးတန်ဖိုးမှာ (၂၅၀၀/-)ကျပ်အထိပေးရကြောင်း ၊ ဝါးတစ်လုံးလျှင် သက်ကယ်တံ အရှည်(၄)ပေအချောင်း(၈၀) နှင့် (၃)ပေဆိုလျှင်အချောင်း(၁၀၀-၁၂၀)ရရှိကြောင်း၊ သက်ကယ်ပျစ်ရန်အတွက် အသုံးပြုသည့်လျှော်မှာ လည်းလေ့ကျပေါက်သည့် ဆပ်သွားဖူးပင်၊ ထန်းပင်ပေါက်မှ ထန်းလက်ရွက်ကိုလျှော်အဖြစ် အသုံးပြု ရကြောင်း၊ လူတစ်ဦး(၁)ရက်သက်ကယ်ပျစ်လျှင်(၈၀-၁၀၀)ပျစ်အထိရရှိကြောင်း၊ (၄)ပေသက်ကယ်ပျစ် (၁၀၀)လျှင်(၂၄၀၀၀/-)ကျပ်၊ ဖောက်သည်စျေးအနေဖြင့် သက်ကယ်ပျစ်(၁၀၀)လျှင်(၁၈၀၀၀)ကျပ်၊ စျေးနှုန်းများဖြင့်ရောင်းချရကြောင်း၊ (၃)ပေသက်ကယ်ပျစ်(၁၀၀)လျှင်(၂၀၀၀၀/-)ကျပ်၊ ဖောက်သည် စျေးအနေဖြင့် သက်ကယ်ပျစ်(၁၀၀)လျှင် (၁၄၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းချရကြောင်း၊ နွေရာသီတွင် သက်ကယ်ယက်လုပ်သူ များပြားသောကြောင့် သက်ကယ်အထွက်များကြောင်း ၊ တောလုပ်ငန်း နေ့စားတစ်ရက်လျှင် တစ်နေကုန်မှ (၆၀၀၀-၈၀၀၀)ကျပ်သာရရှိကြောင်း၊ အိမ်အလုပ် များလစ်ဟင်းကြောင်း၊သက်ကယ်ပျစ်ရောင်းချကြသူများအနေဖြင့် အိမ်မှာနေရင်း မိသားစု အပိုဝင်ငွေ တိုးကြောင်း၊ စျေးကွက်အနေဖြင့် ရိုးရာချစ်မြတ်နိုးသော စားသောက်ဆိုင်များ နှင့် အနီးပတ်ဝန်းကျင်ရှိ ဒေသများမှအော်ဒါမှာယူ၍ရောင်းချလျှက်ရှိပါသည်။သက်ကယ်လုပ်ငန်းသည်မိသားစုတစ်နိုင်တစ်ပိုင်
လုပ်ငန်းအဖြစ် ဆောင်ရွက်သည့် လုပ်ငန်းဖြစ်သည့်အတွက် အရင်းအနှီးအနေဖြင့် ဝါးတန်ဖိုးသာ ရှိသည့်အတွက် လုပ်ငန်းလည်ပတ်နိုင်သည့် လုပ်ငန်းမျိုးဖြစ်ပြီး မိသားစုအပိုဝင်ငွေရရှိသောလုပ်ငန်း ဖြစ်ပါကြောင်း ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး အနေဖြင့် ရေးသားတင်ပြအပ်ပါသည်။
DOCA(မန္တလေး)