မွန်ပြည်နယ်၊ သထုံမြို့၊ သိမ်ကုန်းရပ်ကွက် မြေ (၀.၂၉) ဧကအား ငှားရမ်းနိုင်ရေးအတွက် တစ်လငှားရမ်းခကြမ်းခင်းဈေးတွက်ချက်ရန် ကွင်းဆင်းစစ်ဆေး​

Powered by Drupal

၂၅.၂.၂၀၂၅ ရက်နေ့တွင် စားသုံးသူ​ရေးရာဦးစီးဌာနပိုင် မွန်ပြည်နယ်၊ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်၊ ရွှေချောင်လမ်း၊ အကွက်အမှတ် (၇၀) ဦးပိုင်အမှတ် (၈၇) ရှိမြေ (၀.၂၉) ဧကအား (၃) နှစ်သက်တမ်း (၁) နှစ် (၁) ကြိမ် စာချုပ်ဖြင့် ငှားရမ်းနိုင်ရေး ပထမနှစ် သက်တမ်းအတွက် တစ်လမြေငှားရမ်းခ ကြမ်းခင်းဈေး၊ ဒေသပေါက်ဈေး တွက်ချက်ရန် ကွင်းဆင်းစစ်ဆေးခဲ့သည်။

အဆိုပါ စစ်ဆေးရေးအဖွဲ့သည် ဒေသပေါက်ဈေးတန်ဖိုးကို အနီးပတ်ဝန်းကျင်ရှိ ငှားရမ်းခြင်းများ၏ ငှားရမ်းခနှုန်းထားများ၊ လူစည်ကားမှု၊ မြို့၏အချက်အခြာကျမှု၊ လမ်းပန်း ဆက်သွယ်ရေးကောင်မွန်မှု ရှိ/မရှိ စသည့် အခြေအနေများအား စားသုံးသူရေးရာဦးစီးဌာနပိုင် မွန်ပြည်နယ်၊ သထုံမြို့၊ သိမ်ကုန်းရပ်ကွက် မြေ (၀.၂၉) ဧကအား (၃) နှစ်သက်တမ်း (၁) နှစ် (၁) ကြိမ်စာချုပ်ဖြင့် ငှားရမ်းနိုင်ရေး တစ်လငှားရမ်းခ ကြမ်းခင်းဈေး သတ်မှတ်နိုင်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးထွန်းအောင်ဖြူ ဦးစီး၍ အဖွဲ့ဝင်များဖြစ်သည့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မွန်)