ထားဝယ်မြို့ပေါ်ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

          ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ၊ နံနက် ၁၀း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ရှိ Bewine အမှတ်တံဆိပ်  ဆပ်ပြာရည်နှင့်အသင့်စားမုန့်အမျိုးမျိုး ထုတ်လုပ်ဖြန့်ဖြူး‌ရောင်းချလျက်ရှိသည့် အသေးစားစက်မှုလက်မှုလုပ်ငန်းအား စျေးကွက် မရောက်မီ စောင့်ကြည့်စစ်ဆေးသည့်စနစ် (Pre Market Surveillance) ဖြင့်စစ်‌ဆေး ဆောင်ရွက် ခဲ့ပါသည်။

          အဆိုပါစျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများ‌ ဘေးအန္တရာယ်ကင်း ရှင်းစွာ ဝယ်ယူသုံးစွဲနိုင်စေရေးအတွက် စျေးကွက်အတွင်းဖြန့်ဖြူးမရောင်းချမီ ကုန်စည်များတွင် မြန်မာဘာသာနှင့်ဖြစ်စေ၊အခြားဘာသာတစ်ခုခုနှင့်ဖြစ်စေ တွဲလျက်ဖော်ပြထားသောကုန်အညွှန်း အမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိမှုရှိ/မရှိ စစ်ဆေးခြင်း၊ သက်တမ်းလွန် စားသောက်ကုန် ပစ္စည်းများ ရောင်းချနေမှုရှိ/မရှိ စစ်ဆေးခြင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၏ ထောက်ခံချက်များ မပါရှိသော တရားမဝင်ကုန်ပစ္စည်းများ ရောင်းချမှုများ ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)