
ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ၏ လမ်းညွှန် မှုအရ အကောက်ခွန်ဦးစီးဌာနမှဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ၁-၂-၂၀၂၅ ရက်နေ့မှ ၂၆-၂-၂၀၂၅ ရက်နေ့အထိ ကမ်းရိုးတန်းသွားရေယာဉ်များ ဆိုက်ကပ် သည့် ဆိပ်ကမ်းများဖြစ်သော ရွှေမဲ ဆိပ်ကမ်း၊ သာကေတဆိပ်ကမ်း၊ မုတ္တမဆိပ်ကမ်း၊ Mother ဆိပ်ကမ်းများသို့ အရှေ့ပိုင်းခရိုင်စားသုံး သူရေးရာဦးစီးဌာန၊ တိုင်းရဲတပ်ဖွဲ့၊ မူးယစ်ရဲတပ်ဖွဲ့၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အမှတ်(၃)ရေ ကြောင်းရဲတပ်ဖွဲ့ စသည့်ပူးပေါင်းအဖွဲ့များနှင့်အတူ သွားရောက်၍ ရေယာဉ်များတွင် တင်ဆောင် ထား သောကုန်စည်များကို ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့သည့် ရေယာဉ်စုစုပေါင်း (၄၃) စီး ရှိပြီး ဆောက်လုပ်ရေးသုံးပစ္စည်းမျိုးစုံ၊ ကြွေပြား၊ ရေချိုးခန်း သုံးပစ္စည်းမျိုးစုံ၊ ပြောင်း၊ လူသုံးကုန်၊ ကား တာယာ၊ လျှပ်စစ်ပစ္စည်း၊ မော်တော်ဆိုင်ကယ်တာယာ၊ အိမ်ဆောက် ပစ္စည်းမျိုးစုံ၊ စာရေးကရိယာ မျိုးစုံ စသည့်ကုန်ပစ္စည်းများကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ပူးပေါင်းစစ်ဆေးဆောင်ရွက်ခြင်းဖြင့် စားသုံးသူပြည်သူများအနေဖြင့်လည်း ဘေး အန္တရာယ်ကင်းရှင်းသည့် ကုန်ပစ္စည်းများကို ယုံကြည်စိတ်ချစွာဝယ်ယူသုံးစွဲ နိုင်ခြင်းနှင့် ပြည်တွင်း ကုန်သွယ်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာပြီး ကုန်စည်စီးဆင်းမှု များလျှင်မြန်ချောမွေ့လာစေရေး အတွက် လက်နက်ခဲ ယမ်းများတင်ဆောင်မှုမရှိစေရေး သက်ဆိုင်ရာဌာနများမှ အသိပေးပြောကြား ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)