မာန်ပြေရပ်ကွက်အတွင်းရှိ ဆေးဆိုင်များအားသက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းကွင်းဆင်းဆောင်ရွက်

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၆.၂.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ သာကေတမြို့နယ်၊ မာန်ပြေရပ်ကွက်အတွင်းရှိ ဆေးပစ္စည်းများရောင်းချလျက်ရှိသော ဆေးဆိုင်များတွင် ဆေးပစ္စည်းပြတ်လပ်မှုနှင့် ဈေးနှုန်းများမြင့်တင် ရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အများပြည်သူများသုံးစွဲရာတွင် အချို့သော ဆေးပစ္စည်းများပြတ်လပ်သော်လည်း အခြားသောကုမ္ပဏီများမှ အာနိသင် တူညီသော ဆေးဝါးများ အစားထိုးတင်သွင်းသည့်အတွက် ဆေးဝါးပြတ်လပ်မှုမရှိကြောင်းနှင့် ဆေးပစ္စည်းများအား ဈေးနှုန်း မြင့်တင်ရောင်းချခြင်းများ မတွေ့ရှိပါကြောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

DOCA(ရန်ကုန်)