“ ကျောက်တန်းမြို့နယ်၌ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင်စိုက်ပျိုးထားသည့် ပဲတီစိမ်း(၂၇၂၉၇)ဧကခူးဆွတ်ပြီးစီး ”

Powered by Drupal

ကျောက်တန်းမြို့နယ်၊ ဖေဖော်ဝါရီလ (၂၇) ရက်

            ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံ စိုက်ပျိုးရာသီ တွင်စိုက်ပျိုးထားသည့် ပဲတီစိမ်း (၂၇၂၉၇)ဧက ခူးဆွတ်ပြီးစီးပြီးဖြစ်ကြောင်း ကျောက်တန်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

          ကျောက်တန်းမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် ပဲတီစိမ်း (၈၂၀၈၅) ဧက စိုက်ပျိုးခဲ့ပြီး  စောလျင်စွာစိုက်ပျိုးခဲ့သည့် တောင်သူများ၏ပဲတီစိမ်းစိုက်ခင်းများကို ဖေဖော်ဝါရီ လမှ စတင်ခူးဆွတ် လျက်ရှိရာ လက်ရှိအချိန်အထိ (၂၇၂၉၇)ဧက ခူးဆွတ်ပြီးစီးသွား ပြီဖြစ်ကြောင်းသိရသည်။ ကျောက်တန်း မြို့နယ် ပဲတီစိမ်းသီးနှံစိုက်ပျိုးစွမ်းအား တိုးတက်အောင် ဒေသခံတောင်သူတွေကို ပဲတီစိမ်းဧက တိုးချဲ့ စိုက်ပျိုးကြဖို့၊ စိုက်နည်းစနစ်မှန်ကန်စေဖို့၊ စိုက်ပျိုးရေးသွင်းအားစုတွေ စနစ်တက်ျသုံးစွဲတတ်ဖို့နဲ့ ပိုးမွှားရောဂါကင်းဝေးစေဖို့ တောင်သူ အသိပညာပေးလုပ်ငန်းတွေ သက်ဆိုင်ရာဌာနများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေး လျက်ရှိကြောင်း ယခုအချိန်ထိ ပဲတီစိမ်း (၂၇၂၉၇)ဧက ခူးဆွတ်နိုင်ခဲ့ပြီး အထွက် နှုန်းအနေဖြင့် တစ်ဧကလျှင် (၁၃.၄၅)တင်းထွက်ရှိကြောင်း သိရသည်။ ပဲတီစိမ်းစိုက်တောင်သူများကို သက်ဆိုင်ရာဌာနများအနေဖြင့် ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး၊ စိုက်နည်း စနစ်များမှန်ကန်စေရေး၊ သီးနှံပိုးမွှားများကျရောက်မှုကင်းရှင်းစေရေး၊ သဘာဝမြေဩဇာ စနစ်တကျသုံးစွဲ တတ်စေရေးနှင့် အထွက်နှုန်းကောင်းမွန်စေရေးအတွက် အချိန်မီရိတ်သိမ်း ခြွေလှေ့နည်းစနစ်များ စသည့် တောင်သူအသိပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ပဲတီစိမ်းကို တစ်ဧက ပန်းတိုင်အထွက်နှုန်းရရှိအောင် စိုက်ပျိုးထုတ်လုပ်နိုင်မည်ဆိုပါက ဒေသအတွင်းစားသုံးမှု ဖူလုံစေမည့် အပြင် ပြည်ပပို့ကုန် အဖြစ်ပါ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး စိုက်ပျိုးရေးထုတ်ကုန်များတိုးမြှင့် ထုတ်လုပ်နိုင်မှ သာလျှင် ပို့ကုန်ကဏ္ဍတိုးတက်မည်ဖြစ်ပြီး နိုင်ငံခြားဝင်ငွေလည်း တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

DOCA(ရန်ကုန်)