
(၂၄.၂.၂၀၂၅ မှ ၁.၃.၂၀၂၅)
သန်လျင်မြို့နယ်၊ မတ်လ(၃) ရက်
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်ရှိ သီလဝါစက်မှုဇုန်၊ Wilmar ဆီကန်မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များနှင့်အခြားတိုင်းဒေသကြီးပြည်နယ် များရှိ ကိုယ်စားလှယ်များသို့ စားအုန်းဆီနေ့စဉ် ထုတ်ပေးလျှက်ရှိပါသည်။ စားအုန်းဆီအား ပြည်တွင်း ဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အပတ်စဉ် ထုတ်ပြန်ထားသော အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအပေါ် လက်ကားပြန်လည် ဖြန့်ဖြူးရောင်းချသူများအနေဖြင့် ဒေသအရောက်ဈေးနှုန်းများအပေါ် (၂)ရာခိုင်နှုန်း အမြတ်ထက်မပိုသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချစေရေး ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်စေရေးတို့အတွက်လည်း ဝန်ထမ်းများမှ ကွင်းဆင်းကြပ်မတ်ဆောင်ရွက်လျှက်ရှိကြောင်းနှင့် (၂၄.၂.၂၀၂၅)ရက်နေ့မှ (၁.၃.၂၀၂၅)ရက်နေ့ အထိ ဆီကုမ္ပဏီ(၁၉)ခုနှင့် စားအုန်းဆီတန်ချိန် (၅၂၇၇.၅၁၆) တန်ကို ထုတ်ပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)