တောင်ကြီးမြို့ပေါ်ရှိ ကြက်ဉအ‌ရောင်းဒိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

ရှမ်းပြည်နယ်(တောင်ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ  ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့၊ နံနက်(၉:၃၀)နာရီချိန်တွင် ရှမ်းပြည်နယ်အတွင်းရှိ စားသုံးသူ ပြည်သူများအနေဖြင့် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် စားဝတ်နေရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးမြင့်မားမှု မရှိစေရေးအတွက် ပြည်နယ်အတွင်းမှ ထုတ်လုပ်သောကြက်ဉများအား သင့်တင့်မျှတသော ဈေးနှုန်းဖြင့် စားသုံးသူပြည်သူများထံသို့ရောင်းချပေးရန် ရှမ်းပြည်နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းအဖွဲ့ ဉက္ကဌမှ လမ်းညွှန်မှာကြားချက်အရ ကြက်မွေးမြူရေးလုပ်ငန်းများမှ တောင်ကြီးမြို့ပေါ်ရှိ စည်ပင်သာ ယာဈေးများဖြစ်သော မြို့မဈေး၊ အမှတ်(၅)ဈေး၊ စဝ်စံထွန်းဈေး၊ အဝေရာဈေး၊ အေးသာယာမြို့မှ အေးသီရိဈေး၊ ရွှေညောင်ဈေး၊ ကလောဈေး၊ အောင်ပန်းဈေးတို့တွင် အပတ်စဉ် (အင်္ဂါနေ့၊ စနေနေ့)တွင် တာဝန်ကျ ကြက်ဥဒိုင်များမှ အလှည့်ကျရောင်းချပေးသော နေရာများသို့ အမှန်တကယ်‌ရောင်းချမှု ရှိ/မရှိကို သွားရောက်၍  မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)