
၂၈.၂.၂၀၂၅ ရက်နေ့ နံနက် (၁၁:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်တင်စိုးသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့အကြို စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများပြပွဲ ဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားကို လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ဘုရင့်နောင်တိုးချဲ့ပန်းခြံတွင် ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်း၊ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီး ဝင်းတင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဌာနဆိုင်ရာဝန်ကြီးများ၊ မြန်မာနိုင်ငံဆန်စပါးသင်းချုပ်၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ ဥက္ကဌခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဌမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များ၊ ခရိုင်အဆင့်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဆုရတောင်သူလယ်သမားများ တက်ရောက်ခဲ့ ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)