
၂၆.၂.၂၀၂၅ ရက်နေ့ နံနက် (၉:၁၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့သည် အွန်လိုင်းမှတ်ပုံတင်လျှောက်ထားသည့် တိုက်(အေ)၊ အခန်း(၁၀၅)၊ အောင်ဇေယျလမ်း၊ ကမ်းနားအလယ်ရပ်ကွက်တွင် ရောင်းချလျက်ရှိသည့် စားသောက်ကုန် လုပ်ငန်းများအား မြေပြင်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒေါ်နီလာဝင်း၊ ဦးစီးမှူးမှ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင် ထားရှိသည့်အချက်အလက်များ မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုရှိ/မရှိနှင့်အခြား လိုအပ်သည့် အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိ/မရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် များ၊ လိုက်နာဆောင်ရွက်ရမည့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများနှင့် ပတ်သက်၍လည်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
DOCA(ရန်ကုန်)