ကယားပြည်နယ်အတွင်း တရားမဝင်ကုန်သွယ်မှုများ လျော့နည်းပပျောက်စေရန် ရည်ရွယ်၍ ပြည်နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့အနေဖြင့်တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးဆင့်ပွား သင်တန်း (၁/၂၀၂၂)ကို ပြည်နယ်ရဲတပ်ဖွဲ့ မှူးရုံး ခန်းမ၌ ဇွန်လ(၇)ရက်နေ့မှ (၁၀)ရက်နေ့ထိ ၊နံနက်(၀၉:၃၀)အချိန်မှ ညနေ (၁၅: ၃၀)အချိန်ထိ သင်တန်းဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ အဆိုပါသင်တန်းတွင် ကယားပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ ဥက္ကဌ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက အဖွင့် အမှာစကားပြောကြားခဲ့ပြီး သင်တန်းသားများ စုစုပေါင်း (၁၉ )ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါ သင်တန်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒု-ပြည်နယ်ရဲတပ်ဖွဲ့မှူး ၊ ရဲမှူးကြီး တင်ရွှေက တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ ရဲတပ်ဖွဲ့မှဆောင်ရွက်နေ မှုအခြေအနေများ၊ မူးယစ်ဆေးဝါးဆိုင်ရာကိစ္စရပ်များ၊ တရားမဝင်ကုန်သွယ်မှုနှင့် သက်ဆိုင် သည့် ဥပဒေ၊တရား မဝင်ကုန်သွယ်မှုပပျောက်ရေးအတွက် ဆောင်ရွက်သင့်သည့်နည်းလမ်းများ သင်ကြားပို့ချခြင်း၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ၊ညွှန်ကြားရေးမှူး ၊ဦးညိုဝင်းက အခြေခံလုံခြုံရေးသဘောတရားများ ပတ်သက်၍ ပို့ချသင်ကြားခြင်း၊ အကောက်ခွန်ဦးစီးဌာန ၊ ယာယီပြည်နယ်ဦးစီးမှူး၊ ဦးဝင်းနိုင်က အကောက်ခွန်ဌာန၏မူဝါဒနှင့်တာဝန်များ၊ တားဆီးဖမ်းဆီးစစ်ဆေးခြင်းများ၊ OSS များ၌ စစ်ဆေးမှုလုပ်ငန်းစဉ်များ၊ တင်သွင်း၊တင်ပို့မှုဆိုင်ရာ လုပ်ငန်းစဉ်များ ၊ ဆုငွေဆိုင်ရာဘာသာရပ်များ ပို့ချခဲ့ကြောင်း၊ ပြည်တွင်း အခွန်များဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ဦးသန်းဗိုလ်က အခွန်နှင့်ပတ်သက်၍ သိမှတ် ဖွယ်ရာများ၊ အခွန်အယူခံအကြောင်း သိကောင်းစရာများ သင်ကြားပို့ချခြင်း၊ သစ်တောဦးစီးဌာန၊ ပြည် နယ်ဦးစီးမှူး၊ ဦးစောဗဟိဏ်းက သစ်တောဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ၊ တောရိုင်း တိရိစ္ဆာန်၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများ ဆိုင်ရာနှင့် စပ်လျဉ်း၍ သင်ကြားပို့ချခဲ့ကြောင်း ၊ အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးကိုကိုဦးက ယစ်မျိုး စီမံခန့်ခွဲ့မှုနှင့် ပတ်သက်၍ သင်ကြားခြင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်နယ်တာဝန်ခံ၊ ဒေါက်တာနွေဦးဆွေက မိမိတို့ဌာနအနေဖြင့် တရားမဝင်အစားအသောက်နှင့် ဆေးဝါးများစိစစ်ခြင်းနှင့် စပ်လျဉ်း၍ပို့ချခြင်း၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ၊ ဒေါက်တာဝင်းဦးက တိရိစ္ဆာန်ထွက် ပစ္စည်းများ တရားမဝင် တင်သွင်း/တင်ပို့မှု မရှိစေရန် ဆောင်ရွက်နေမှု အခြေအနေအား သင်ကြားပို့ချခြင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ဦးသန်းလှိုင်က တင်သွင်း/ တင်ပို့လာသည့် အပင်နှင့် အပင်ထွက်ပစ္စည်းများအား သီးနှံပိုးမွှားရောဂါပြန်ပွားမှု ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအား ရှင်းလင်းသင်ကြားခြင်း၊ ရေနံထွက်ပစ္စည်းကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူး၊ ဦးမြင့်စိုး က ပြည်ပမှတင်သွင်း ဖြန့်ဖြူးသည့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းလိုင်စင်များ၊ရေနံထွက်ပစ္စည်းဆိုင်ရာ ၂၀၁၇ ဥပဒေ အကြောင်းနှင့် ပတ်သက်၍ သင်ကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာန ၊ ဦးစီးအရာရှိ၊ ဦးမိုးညွှန့်ဦးက တရားမဝင်ကုန်စည်များနှင့် ဘေးအန္တရာယ်ရှိ ကုန်စည်များမှ စားသုံးသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာဆောင် ရွက်မှု လုပ်ငန်းစဉ်များ၊ ယှဉ်ပြိုင်မှု ဥပဒေအကြောင်းသိကောင်းစရာများ၊ ကုန်သွယ်ရေးဆိုင်ရာ ဥပဒေများအား အကျယ်တဝင့် ရှင်းလင်းပို့ချခဲ့ပါကြောင်း ၊ ဆက်လက်၍ ကုန်လမ်းပို့ဆောင်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ၊ ဦးကျော်စွာဝင်းက မိမိဌာန၏ လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြခြင်း၊ ဗဟိုစက်ပစ္စည်း၊ စာရင်း အင်းနှင့် စစ်ဆေးရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များ ၊ ကျောက်မျက်ရတနာ ကဏ္ဍနှင့် သက်ဆိုင်သော အချက်အလက်များကို သင်ကြားပို့ချခဲ့ ကြောင်း၊ သင်တန်းသားများ အနေဖြင့် အဆိုပါ သင်တန်းမှ တရားမဝင်ကုန်သွယ်မှုပပျောက်စေရေးနှင့် စပ်လျဉ်း၍ အသိပညာများ ရရှိပါကြောင်း၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဆင့်ပွား သင်တန်း (၁/၂၀၂၂)သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၂ခုနှစ်၊ ဇွန်လ(၁၀) ရက်နေ့ ၊ညနေ(၁၅ : ၃၀ ) အချိန်တွင် အောင်မြင်စွာ သင်တန်းဆင်းပွဲ ပြုလုပ်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း သိရပါသည်။
DOCA(ကယား)