“ ကော့မှူးမြို့နယ်အတွင်းရှိစားသောက်ဆိုင်များအားကျန်းမာရေးအသိပညာပေးဆိုင်ရာ ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

ကော့မှူးမြို့နယ်၊ မတ်  () ရက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ အား စားသုံးသူပြည်သူများဘေးဥပါဒ်ကင်းရှင်းစေရေးတို့အတွက်ဆိုင်ပိုင်ရှင်များအား ကျန်းမာရေးဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆိုင်ရာတွင် ကွင်းဆင်း စစ်ဆေးခြင်းအား မတ်လ(၅) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေး ပတ်ဝန်းကျင်နှင့်ရပ်ကွက်များရှိ စားသောက် ဆိုင်များသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ် ဆရာဝန် ဒေါက်တာသန်းဌေးနှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းမှ တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှတာဝန်ရှိသူများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီး ဒေါ်မြင့်မြင့်သန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံနှင့် ဝန်ထမ်းများ၊ စားသုံးသူရေးရာ ဦးစီးဌာနမှမြို့နယ်တာဝန်ခံ ဦးတင်မင်းတို့ ပူးပေါင်းအဖွဲ့သည် စည်ပင်လမ်း မကျီးတန်း ရပ်ကွက်ရှိ အန်တီအုန်းလက်ဖက်ရည်ဆိုင်၊ ဗိုလ်ချုပ်လမ်းမြို့မရပ်ကွက်ရှိ စတိုင် လက်ဖက်ရည်ဆိုင်နှင့် စည်ပင်သာယာမြို့မဈေး ပတ်ဝန်းကျင်ရှိ မုန့်ဟင်းခါးဆိုင်၊ ထမင်းဆိုင်များရှိ ဈေးရောင်း၊ ဈေးဝယ် ပြည်သူများအား မသန့်ရှင်းသောရေနှင့် မသန့်ရှင်းသော အစားအသောက်များမှ တဆင့်ကူးစက်သော ရောဂါများဖြစ်ပွားမှု လျော့ချရေးနှင့် ကာကွယ်ရေးဆိုင်ရာအချက်များအား ကျန်းမာရေးဆိုင်ရာအသိပညာပေးဆွေးနွေး ပြောကြား ခဲ့ပြီး စားသောက်ဆိုင်များ သန့်ရှင်းသပ်ရပ်စွာ ရောင်းချနေမှုရှိ/မရှိ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)