လှည်းကူးပညာရေးဒီကရီကောလိပ်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးက အသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးက လှည်းကူးဒီကရီ ကောလိပ် တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး‌‌ဟောပြောဆွေးနွေးပွဲ အခမ်းအနားကို ၅.၃.၂၀၂၅ ရက်နေ့ တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို စားသုံးသူ ရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်နှင့်တကွ အရာထမ်း၊ အမှုထမ်းများ၊ လှည်းကူး ပညာရေးဒီကရီကောလိပ်မှ ကျောင်းအုပ်ကြီးနှင့်တကွ ဆရာ၊ ဆရာမများ စုစုပေါင်း ၅၀၀ ဦး တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားစတင်ချိန်တွင် လှည်းကူးပညာရေးဒီကရီကောလိပ်မှ ကျောင်းအုပ်ကြီးဖြစ်သူ ဒေါ်အေးအေးလွင်က အဖွင့်စကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်ရှိ ဌာနခွဲများ၏ ဆောင်ရွက်ချက်များနှင့် ကမ္ဘာ့ စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံနှင့်ပတ်သတ်၍ မိတ်ဆက်စကားပြောကြားခဲ့ပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဝါဝါခိုင်က စားသုံးသူကာကွယ်ရေး ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သတ်၍ ဟောပြောဆွေးနွေးခဲ့ပါသည်။ ထို့နောက် အခမ်းအနား တက်ရောက်လာကြသူများက သိလိုသည် များကိုမေးမြန်းဆွေးနွေးခဲ့ကြပြီး အခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။

DOCA(ရန်ကုန်)