ရေတာရှည်မြို့  စည်ပင်သာယာဈေးတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

             ပဲခူးတိုင်း‌ဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ခရိုင်ရုံးမှ စားသုံး/ ထုတ်လုံတာဝန်ခံ၊ ရေတာရှည်မြို့နယ် တာဝန်ခံတို့နှင့်အတူ ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ရေတာရှည်ဈေးတာဝန်ခံရုံး၌ ရေတာရှည်ဈေးအတွင်းရှိ စားသုံးဆီရောင်းချသည့် ဆိုင်ပိုင်ရှင် ၁၀ ဦးအား တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက် အမှတ် ၁/၂၀၂၁ ကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

            ရှေးဦးစွာ ခရိုင်ဦးစီးမှူး ဦးမျိုးအောင်က စားသုံးသူအခွင့်အရေးများကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်း၍ စားသုံးသူနစ်နာဆုံးရှုံးမှုများ မရှိစေရန်အတွက် ဦးစီးဌာနမှ ဆောင်ရွက်ပေးနေမှုများကိုလည်းကောင်း၊ ကုန်စည်များဝယ်ယူပါက ကုန်စည်တွင် ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားများ ဖတ်ရှုရန်လိုအပ်ပုံများကိုလည်းကောင်း၊ စားသုံးသူထိခိုက်နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက တိုင်ကြားနိုင်ခြင်းမျာကိုလည်းကောင်း၊ စာသုံးသူတိုင်ကြားမှုများနှင့် စပ်လျဉ်း၍ ဦးစီးဌာနမှ ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးနေမှုများကိုလည်းကောင်း ရှင်းလင်းပြောကြား ပါသည်။

            ဆက်လက်၍ မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ ကို ထုတ်ပြန်၍ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချ နေသော ဆီအမျိုးအစားများနှင့်ပတ်သက်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပင်ရင်းပါဝင် ပစ္စည်းကိုအခြေခံသော ကုန်စည်အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့်ဖော်ပြရန်၊ ကုန်စည်၏ အသားတင်ပမာဏအား မြန်မာ့အလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာ ဖြင့် ဖော်ပြရန်ညွှန်ကြားထားပါကြောင်း၊ ယင်းညွှန်ကြားချက်သည် ဇွန်လ ၂၀ ရက်နေ့တွင် သတ်မှတ်ကာလပြည့်မီ၍ အာဏာတည်မည်ဖြစ်ပါသဖြင့် လုပ်ငန်းရှင်များအနေဖြင့် အလေးထား လိုက်နာဆောင်ရွက်ပြရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)