အွန်လိုင်းမှတ်ပုံတင်လျှောက်ထားခြင်းအား မြေပြင်ကွင်းဆင်းစစ်ဆေး

Powered by Drupal

စားသုံးသူရေးရာဦး စီးဌာန၊ မြောက်ပိုင်းခရိုင်ဦး စီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃) ဦး တို့သည် ၆.၃.၂၀၂၅ ရက်နေ့ နံနက်(၉:၄၅)အချိန်တွင် အမှတ်(၃၇)၊ ဗထူး(၇)လမ်း၊ မြေတိုင်း(၈)၊ (၂)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်ရှိ Poe Thadar Eain အမည်ဖြင့် အွန်လိုင်းမှတ်ပုံတင် ထားသော လူသုံးကုန်ပစ္စည်းများလုပ်ငန်းကို မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဒေါ်နီလာဝင်း၊ ဦး စီးမှူးက အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းရှင် ဒေါ်စန်းယုခိုင်အား အွန်လိုင်းမှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့်လိပ်စာအတိုင်း လုပ်ငန်းတည်ရှိခြင်းရှိ/မရှိ၊ မှတ်ပုံတင်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည်(သို့) ဝန်ဆောင်မှုအမျိုးအစားစာရင်းအတိုင်း မြေပြင်တွင် အမှန်အကယ်ရောင်းချ နေသောစာရင်းနှင့်ကိုက် ညီမှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)