
၆.၃.၂၀၂၅ ရက်နေ့ နံနက်(၁၀:၂၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် လှိုင်သာယာမြို့နယ်၊ အမှတ်(၇၈၉)၊ သခင်တင့် လမ်း၊ (၁၅)ရပ်ကွက်ရှိ ဟုမ်းလင့်အိမ်ခြံမြေအကျိုးဆောင်အွန်လိုင်းလုပ်ငန်းအား မြေပြင်စစ်ဆေး ခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဟုမ်းလင့်အိမ်ခြံမြေအကျိုးဆောင်အွန်လိုင်းစနစ်ဖြင့် လုပ်ငန်း မှတ်ပုံတင်ထားသည့်လုပ်ငန်းအား အွန်လိုင်းမှတ်ပုံတင်လျှောက်ထားစဉ်က ဖြည့်သွင်း ထားသည့် အချက်အလက်များနှင့်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိနှင့် အခြားလိုအပ်သည့်အချက်အလက်များအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)