
စားသုံးသူရေးရာဦးစီးဌာန ၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးလှစိုး(ခရိုင်ဦးစီးမှူး) နှင့် ဝန်ထမ်းတို့သည် (၆.၃.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ သာကေတမြို့နယ်၊ အမှတ်(၂) ဈေးအတွင်းရှိ ကုန်မျိုးစုံနှင့် အလှကုန်ပစ္စည်းများ ရောင်းချလျက်ရှိသော ဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချနေသော အလှကုန်ပစ္စည်းများတွင် သုံးစွဲသူများနားလည်စေရန် မြန်မာဘာသာစကားနှင့် ဖော်ပြထားရှိမှု ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြထားရှိမှု ၊ သုံးစွဲရန်အညွှန်းဖော်ပြထားရှိမှု၊ ထုတ်လုပ်သည့် ရက်စွဲ ၊ သက်တမ်း ကုန်ဆုံးရက်စွဲတို့ ဖော်ပြထားရှိမှု ရှိ/မရှိစစ်ဆေးခဲ့ပြီး ဈေးကွက်အတွင်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားသော အလှကုန်ပစ္စည်းများသာ ရောင်းချရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသော အလှကုန်ပစ္စည်းများ ရောင်းချခြင်းမပြုရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါ သည်။
DOCA(ရန်ကုန်)