လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်သို့ စားအုန်းဆီကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

၂၇.၂.၂၀၂၅ ရက်နေ့ ညနေ(၄:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့သည် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ စားအုန်း ဆီရောင်းချနေသော လက်ကားကိုယ်စားလှယ်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

ထိုသို့စစ်ဆေးရာတွင် စားအုန်းဆီလက်ကားကိုယ်စားလှယ် (၃)ဦးတို့သည် မိမိတို့ရရှိသော စားအုန်းဆီခွဲတမ်းများကို လက်လီကိုယ်စားလှယ်များသို့ သတ်မှတ်ခွဲတမ်းအလိုက် ခွဲဝေပေးပါ ကြောင်း၊ ရည်ညွှန်းဈေးနှုန်း (၂%)အမြတ်တင်လျက်ရောင်းပေးပါကြောင်း၊ ထုတ်ယူရာတွင်လည်း မှတ်တမ်းဘောင်ချာများဖြင့် ထုတ်ပေးပါကြောင်း၊ လက်လီကိုယ်စားလှယ်များကိုလည်း မိမိတို့ထုတ် ပေးသောဈေးထက် (၂%)အမြတ်သာတင်၍ ရောင်းချရန်နှင့် စားသုံးသူပြည်သူများ လက်ဝယ်သို့ ရောက်ရှိအောင် ရောင်းပေးရန် တစ်ဆင့်ပြောကြားခဲ့ကြောင်း သိရှိရပြီး မိမိတို့ဌာနမှလည်း ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းမပြုရန် လက်ကျန်မထားရှိရန်၊ လှောင်ထားခြင်းမပြုရန် အကယ်၍ စည်းကမ်း ချက်များကို လိုက်နာမှုမရှိလျှင် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူသွားမည်ဖြစ် ကြောင်း ပြောခဲ့သည်များကို ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)