
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်တင်စိုးနှင့် ဝန်ထမ်းများသည် အင်းစိန်ဈေးစည်ပင်သာယာရေးအဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံစမ်းရေးမှူး ဦးအောင်စိုးမိုးတို့နှင့်အတူ အင်းစိန်ဈေးအတွင်းရှိ စားအုန်းဆီလက်လီအရောင်းဆိုင်များ သို့ (၄.၃.၂၀၂၅)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြ ကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် စားအုန်းဆီရောင်းချသော ကုန်မျိုးစုံဆိုင်ပေါင်း(၁၂)ဆိုင် တွင် လက်လီကိုယ်စားလှယ်များမှ မိမိတို့ရရှိသော ခွဲတမ်းများကို စာအုပ်စနစ်ဖြင့် အိမ်ထောင်စုတစ်ခု လျှင် (၁)ပိဿာနှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် တစ်လကို(၄)ပိဿာရရှိကြပြီး မိမိတို့ရပ်ကွက် အလိုက် စနစ်တကျရောင်းချပေးပါကြောင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိဘဲ သတ်မှတ်ဈေးနှုန်း အတိုင်းရောင်းချပေးပါကြောင်း လက်ကျန်ထားရှိခြင်းလည်း မရှိပါကြောင်း ကွင်းဆင်းစစ်ဆေးချက် အရ သိရှိရပါသည်။
DOCA(ရန်ကုန်)