
(၄.၃.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးမျိုးအေးနှင့် ဝန်ထမ်းများ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံစမ်းရေးမှူး ဦးအောင်စိုးမိုးတို့နှင့်အတူ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ စားအုန်းဆီ လက်လီအရောင်းဆိုင်များ သို့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် ရပ်ကွက်အတွင်းရှိ လက်လီဆိုင်(၂)ဆိုင်နှင့် ပိတောက်မြိုင်ဈေးရှိ လက်လီဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ ပိတောက်မြိုင်ဈေးတာဝန်ခံ ဒေါ်မိမိချောမှပူးပေါင်းပါဝင် လျက် လက်လီဆိုင်များဖြစ်သော ခိုင်သဇင်၊ အကယ်ဒမီထိပ်တန်း၊ လှိုင်လှိုင်ဌေး၊ မိုးမြင့်အောင်၊ ခင်မေတ္တာ၊ မဖြူဖြူ၊ မိဘကျေးဇူး၊ မတင်နွယ်ဝင်း၊ မနီနီမာ၊ ဦးအောင်စိုးမိုး၊ သိန်းစွန်နှင့် ဒေါ်မိမိခိုင်တို့ သည် မိမိရရှိသော ခွဲတမ်းများကို သတ်မှတ်ဈေးနှုန်းအပေါ် (၂%)အမြတ်တင်၍ ရပ်ကွက်နေ စားသုံး သူ ပြည်သူများလက်ဝယ်သို့ အမှန်တကယ်ရောက်ရှိ စားသုံးနိုင်ရန် ရောင်းချပေးပါကြောင်း၊ အလေး ချိန်လည်း မှန်ကန်စွာချိန်တွယ်ပေးပါကြောင်း လက်ကျန်လည်း မထားရှိပါကြောင်း ကွင်းဆင်း စစ်ဆေးချက်အရ သိရှိရပါသည်။
DOCA(ရန်ကုန်)