လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ စားအုန်းဆီများ ကွင်းဆင်းစစ်ဆေး

Powered by Drupal

(၄.၃.၂၀၂၅)ရက်နေ့ ညနေ(၃:၃၀)အချိန်မှစ၍ စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးမျိုးအေးပါ(၃)ဦး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(၁)ဦးနှင့် ဈေး တာဝန်ခံများပူးပေါင်းပါဝင်လျက် လှိုင်သာယာ(အနောက်)ပိုင်းမြို့နယ်ရှိ စားအုန်းဆီလက်လီ အရောင်းဆိုင်များသို့  ကွင်းဆင်းစစ်ဆေးခြင်းများ လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် လက်လီအရောင်းကိုယ်စားလှယ်များဖြစ်သော ဦးတင်ရွှေ၊ ဦးမောင်ကျော်၊ ဦးတင်ဌေးအောင်၊ ဦးမောင်လှနှင့် ဦးဇော်ဇော်ကို ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ မိမိတို့ရရှိသောခွဲတမ်းများကို စားသုံးသူပြည်သူလက်ဝယ်သို့ အမှန်တကယ်ရောက်ရှိအောင် စာအုပ် စနစ်ဖြင့် ပေးပါကြောင်း၊ နေ့စဉ်ရပ်ကွက်အပိုင်းလိုက် ခွဲထားပါကြောင်း၊ ပုံမှန်အားဖြင့် နေ့စဉ်နံနက် (၁၀:၀၀)နာရီမှ ညနေ(၅:၀၀)နာရီထိ ရောင်းချပေးပါကြောင်း၊ ထုတ်ရန်ကျန်ရှိသော စာအုပ်များကို နောက်တစ်နေ့နံနက်တွင် ပြန်လည်ထုတ်ပေးပါကြောင်း၊ ရောင်းချမှုလက်ခံဘောင်ချာများလည်း ထားရှိပါကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချခြင်း/ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများရှိပါက အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)