
၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၇)ရက်နေ့ နေ့လည် (၂:၀၀)နာရီအချိန်တွင် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ပွင့်ဖြိုးခိုင်၊ ဇွဲ၊ ထိန်ထိန်လင်းဆန်ဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် မြို့နယ်ဆန်စပါးနှင့်ဆန်ကုန်သည်များအသင်းမှ အဖွဲ့ဝင် ဦးတင်ရွှေနှင့်အတူ ဆန်များရောနှောရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ရွှေဘိုပေါ်ဆန်းနှင့် ဧရာဝတီပေါ်ဆန်းဆန်များတွင် ဆန်ကြမ်းများရောနှော၍ ရောင်းချနေခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း၊ ဆန်ကြမ်း/ဆန်ချောများ အား သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းမရှိစေရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း ဆန်များကို ဝါးတန်းကုန်စည်ဒိုင်မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)