အသင့်စား ကြက်အူချောင်း၊ ဝက်အူချောင်းများအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

မြိတ်ခရိုင်စားသုံးသူ‌ရေးရာဦးစီးဌာနသည် မြိတ်ခရိုင်အတွင်းရှိ CP ကုမ္ပဏီမှ ဖြန့်ဖြူရောင်း ချလျက်ရှိသော အသင့်ကင်စားနိုင်သည့် ကြက်အူချောင်း၊ ဝက်အူချောင်းများ၏ ထုတ်ကုန်များကို ၂၀၂၅ခုနှစ်၊ မတ်လ(၅)ရက်နေ့တွင် မြိတ်မြို့ပေါ်ရှိ mini market များနှင့် Super market များတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်ခရိုင်အတွင်းရောင်းချလျက်ရှိသော CP ကုမ္ပဏီမှ ဖြန့်ဖြူ ရောင်းချလျက်ရှိသည့် အသင့်ကင်စားနိုင်သည့် ကြက်အူချောင်း၊ ဝက်အူချောင်းများ၏ ဝယ်ယူ ရောင်းချနေမှုအနေအနေ ၊ စျေးနှုန်းများအပါအဝင် ဘေးအန္တရာယ်ကင်းစွာ စားသုံးရန် ထောက်ခံ ချက်ပါရှိခြင်းရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိခြင်းရှိ/မရှိအား ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)