ပြည်ခရိုင်၌ ဒေသတွင်း ထုတ်လုပ်ဖြန့်ဖြူးလျှက်ရှိသော ကုန်စည်လုပ်ငန်းရှင်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေဆိုင်ရာ ကိစ္စရပ်များ တွေ့ဆုံဆွေးနွေး

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်း ဇွန်လ(၃)ရက်၌ ရွှေတောင်မြို့၊ ကြာနီကန်ရပ်ကွက်ရှိ Kဝိုင်းဆန်စက်သို့လည်းကောင်း၊ ဇွန်လ(၇)ရက်၌ သဲကုန်းမြို့၊ ရွာမရပ် ပုတီးကုန်းနယ်ရှိ အောင်ဝေထူးဆန်စက်နှင့် ပေါင်းတည်မြို့ သိမ်ကြီး(၂၂)လမ်းရှိ ဓနသိဒ္ဓိဆန်စက်တို့လည်းကောင်း၊ ဇွန်လ(၉)ရက်၌ ပေါက်ခေါင်းမြို့ အမှတ်(၂)ရပ်ကွက်ရှိ Super Fine သောက်ရေသန့်စက်ရုံသို့လည်းကောင်း သွားရောက်၍ သက်ဆိုင်ရာ မြို့နယ်တာဝန်ခံများမှ စားသုံးသူကာကွယ်ရေးဥပဒေဆိုင်ရာ အကြောင်းအရာများကို အသိပညာပေးဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

          အဆိုပါလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးရာတွင် မိမိတို့ထုတ်လုပ်သည့် ကုန်စည်အပေါ်မူတည်၍ အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လိုက်နာရမည့် အချက်များအကြောင်း ၊ မိမိထုတ်လုပ်သည့် ကုန်စည်၏ အရည်အသွေး၊ အချိန်အတွယ်၊ ပမာဏနှင့် အလေး ချိန် မှန်ကန်မှုရှိစေရေးအတွက် ဖော်ပြရမည့်အာမခံချက်ပေးခြင်းဆိုင်ရာအချက်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်မှ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)