မြင်းခြံခရိုင်ဦးစီးမှူးရုံးတွင် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ကျင်းပပြုလုပ်

Powered by Drupal

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်းဦးစီးမှူးရုံးတွင် (၂၅.၂.၂၀၂၅)ရက်နေ့ နံနက် (၀၉:၀၀)နာရီ အချိန်၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အားဆောင်ရွက်ခဲ့ပါသည်။

အဆိုပါသင်တန်းတွင် မြင်းခြံခရိုင်ဦးစီးမှူး ဦးသန်းစိုး(လက်ထောက်ညွှန်ကြားရေးမှူး)က မြင်းခြံခရိုင်နှင့်ညောင်ဦးခရိုင်အတွင်းရှိ ဝန်ထမ်းများအား အဖက်ဖက်မှ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊  လုပ်ငန်းတာဝန်များကျွမ်းကျင်မှုရှိစေရန်၊ ‌ဟော‌ပြောပွဲများ၊ အများပြည်သူနှင့် ထိတွေ့ ဆက်ဆံသည့်အခါဖြစ်စေ၊ အထက်လူကြီးများနှင့်တွေ့ဆုံဆွေးနွေးတင်ပြမှုများတွင်ဖြစ်စေ ရဲရဲဝင့်ဝင့်ဖြင့် ယဉ်ကျေးချိုသာစွာ ပြောဆိုဆွေးနွေး တင်ပြနိုင်မှုရှိလာပြီး စွမ်းဆောင်ရည်မြင့်မား လာစေရေးအတွက်ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဦးစွာပထမပြောကြားခဲ့ပါသည်။

ခရိုင်ဦးစီးမှူး က ဆက်လက်၍ Online  ဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ အမိန့် ကြေငြာစာများ ထုတ်ပြန်ထားရှိမှုအခြေအနေများ၊ လုပ်ငန်းလျှောက်ထားမှုအဆင့်ဆင့်များကို လည်းကောင်း၊ မှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်ထုတ်ပြန်ခြင်း၊ စနစ်တွင်ဆောင်ရွက်ထားသည့်အချက် များ၊ ကြိုတင်ပြင်ဆင်ထားသည့်အချက်များ၊ လျှောက်ထားရာတွင်သတိပြုရမည့်အချက်များ၊ ကုန်စည်အုပ်စုနှင့် ဝန်ဆောင်မှုအုပ်စုသတ်မှတ်ချက်များ၊ eComReg System ဖြင့် Online Sales မှတ်ပုံတင်လက်မှတ်လျှောက်ထား၊ ထုတ်ယူပုံအဆင့်ဆင်၊ မှတ်ပုံတင်ထားသည့် Online Sales လုပ်ငန်းများကို အများပြည်သူမှ မြင်တွေ့ရမည့်အခြေအနေ စသည့်ဖြင့် ဟောပြောဆွေးနွေး ပို့ချခဲ့ ကြောင်းနှင့် အဆိုပါဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းသို့ မြင်းခြံခရိုင်ဦးစီးမှူးရုံးရှိ ဝန်ထမ်း(၈)ဦး၊ Online ဖြင့် ညောင်ဦးခရိုင်မှ ခရိုင်တာဝန်ခံပါ ဝန်ထမ်း (၃)ဦးနှင့် နွားထိုးကြီး မြို့နယ်တာဝန်ခံတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)