ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် စားသုံးသူအသိပညာပေး ဟောပြောဆွေးနွေး

Powered by Drupal

                   ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင်အတွင်းရှိ အများပြည်သူတို့အနေဖြင့် စားသုံးသူရေးရာကိစ္စရပ်များအား ကျယ်ကျယ်ပြန့်ပြန့်သိရှိနားလည်နိုင်စေရေး ရည်ရွယ်၍ စားသုံးသူ အသိပညာပေး ဆွေးနွေးဟောပြောပွဲများအား ကျင်းပပြုလုပ်လျှက်ရှိရာ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ရေလယ်ကျွန်းအုပ်စု၊ သောင်ကြီးကျေးရွာတွင် ဇွန်လ (၅)ရက်နေ့၊ နံနက်ပိုင်းတွင်လည်းကောင်း၊ ညောင်ခြေထောက်အုပ်စု၊ ညောင်ခြေထောက်ရွာတွင် ဇွန်လ (၉)ရက်နေ့၊ နံနက်ပိုင်းတွင်လည်းကောင်း၊ မိတ်ဖက်ဌာနဆိုင်ရာများပူးပေါင်း၍ စားသုံးသူ အသိပညာပေး ဆွေးနွေး ဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ ဆွေးနွေးဟောပြောပွဲတွင် ပန်းတောင်းမြို့နယ်တာဝန်ခံက စားသုံးသူတို့၏ အခွင့်အရေးများ၊ လိုက်နာရမည့်တာဝန်များနှင့်ထိခိုက်နစ်နာမှုများရှိပါက တိုင်ကြားနိုင်မှု နည်းလမ်းများ၊ ပြစ်မှုပြစ်ဒဏ်တို့အကြောင်းအား အကျယ်တဝင့်ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပြီး ဆွေးနွေး ဟောပြောပွဲများသို့ ကျေးရွာနေပြည်သူ (၃၉၇)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)