CP ကုမ္ပဏီမှ ရောင်းချလျက်ရှိသော အသင့်ကင်စားနိုင်သည့်ကြက်အူချောင်း၊ ဝက်အူချောင်း တင်သွင်းရောင်းချမှုအခြေအနေ

Powered by Drupal

မြင်းခြံခရိုင် စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများသည် CP ကုမ္ပဏီမှ ရောင်းချ လျက်ရှိသည့် အသင့်ကင်စားနိုင်သည့် ကြက်အူချောင်း၊ ဝက်အူချောင်း တင်သွင်းရောင်းချမှုနှင့် ပတ်သက်၍ ၅.၃.၂၀၂၅ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီ အချိန်တွင် CP FRESH SHOP အရောင်းဆိုင်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် CP ကုမ္ပဏီမှ ရောင်းချလျက်ရှိသော အသင့်ကင်စား နိုင်သည့်ကြက်အူချောင်း၊ ဝက်အူချောင်းတင်သွင်းရောင်းချမှုနှင့်ပတ်သက်၍ မေးမြန်းရာတွင် အမှတ် (၁၃)ရပ်ကွက်ရှိ “CP FRESH SHOP” အရောင်းဆိုင်တွင် CP အမှတ်တံဆိပ်တစ်ထုပ်လျှင်(၅၀၀)ဂရမ် အလေးချိန်ပါ ကြက်အူချောင်း၊ ဝက်အူချောင်းများရောင်းချလျက်ရှိပြီး၊ တင်သွင်းမှုအနေဖြင့် ရန်ကုန် မြို့မှ မှာယူတင်သွင်းပြီး ဖြန့်ဖြူးမှုအနေဖြင့် မြင်းခြံမြို့နယ်အတွင်း ရောင်းချကြောင်းသိရှိရသည်။ အမှတ်(၁၀)ရပ်ကွက်ရှိ “ရွှေငါး”ဆိုင်နှင့် အမှတ်(၇)ရပ်ကွက်ရှိ “ဓူဝံ” ပင်လယ်စာနှင့်စားသောက်ကုန် ရောင်းဝယ်ရေးဆိုင်များ၌ တစ်ထုပ်လျှင်(၂၀၀)ဂရမ် အလေးချိန်ပါ CP အမှတ်တံဆိပ် ကြက်အူ ချောင်း၊ ဝက်အူချောင်းများရောင်းချလျက်ရှိပြီး၊ ၎င်းဆိုင်များတွင် ရောင်းချနေသော CP ကြက်အူ ချောင်း၊ ဝက်အူချောင်းများကို “CP FRESH SHOP” မြင်းခြံအရောင်းဆိုင်မှ ဝယ်ယူ၍ ဒေသတွင်း ဖြန့်ဖြူးရောင်းချကြောင်း သိရှိရသည်။

DOCA(မန္တလေး)