
မြင်းခြံမြို့နယ် ပြည်သူများသက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များဝယ်ယူ သုံးစွဲနိုင်ရေးအတွက် ခရိုင်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် ပြည်သူ့သက်သာ ဈေးရောင်းနေ့အား ၆-၃-၂၀၂၅ ရက်နေ့၊ နံနက် ၈ : ၀၀ နာရီအချိန်တွင် မြင်းခြံမြို့ မြို့မဈေးတွင် ရောင်းချခဲ့ကြောင်းသိရသည်။ ထိုအရောင်းဆိုင်ဖွင့်လှစ်ရောင်းချခြင်းအား မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ဦးဆောင် ဆောင်ရွက်လျက်ရှိပြီး စားသုံးသူရေးရာဦးစီးဌာန ၊ ဆန်အသင်းအဖွဲ့ ၊ ဆီအသင်းအဖွဲ့နှင့်ဈေးကော်မတီဝင်များပူပေါင်း၍ ဆန်တစ်ပြီ ၃၆၀၀/- ကျပ် ၊ စားအုန်းဆီ တစ်ပိဿာ ၈၁၁၀/- ကျပ် ၊ ကြက်ဥတစ်လုံး ၄၀၀/- ကျပ် ၊ အမဲသားတစ်ပိဿာ ၁၁၀၀၀/-ကျပ် ၊ ဝက်သားတစ်ပိဿာ ၁၅၀၀၀/- ကျပ် နှင့်ဆိတ်သားတစ်ပိဿာ ၁၆၀၀၀/- ကျပ်တို့ဖြင့် ရောင်းချ ပေးခဲ့ပြီး လွတ်လပ်စွာလာရောက်ဝယ်ယူနိုင်သည့်အတွက် ရပ်ကွက်စုံမှလာရောက်ဝယ်ယူကြ ကြောင်း ဦးဆောင် ဆောင်ရွက်သူထံမှသိရပြီး ယင်းရောင်းချမှုအစီအစဉ်အား မြင်းခြံမြို့ရှိ မြို့မဈေး ၊ စံပြဈေး နှင့်အေးမြသီတာဈေးတို့တွင် အလှည့်ကျပုံမှန် ရောင်းချပေးလျက်ရှိကြောင်းသိရသည်။
DOCA(မန္တလေး)