
မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။
မြင်းခြံမြို့ စက်သုံးဆီဆိုင်များတွင် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ယခု မတ်လပထမပတ် စက်သုံးဆီဈေးနှုန်းများမှာ ဒီဇယ် ( ရိုးရိုး) တစ်လီတာလျှင် (၂၈၀၅ )ကျပ်၊ ဒီဇယ် ( ပရီမီယံ) တစ်လီတာလျှင် (၃၄၄၅) ကျပ်၊ ဓာတ်ဆီ (92 ) တစ်လီတာလျှင် ( ၃၂၇၀ )ကျပ် ၊ဓာတ်ဆီ (95) တစ်လီတာလျှင် ( ၃၃၂၀ ) ကျပ် ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
ယခင် ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဒီဇယ် ( ရိုးရိုး) တစ်လီ တာလျှင် (၂၈၇၀)ကျပ်၊ ဒီဇယ် ( ပရီမီယံ) တစ်လီတာလျှင် (၃၅၂၀) ကျပ်၊ ဓာတ်ဆီ (92 ) တစ်လီ တာလျှင် ( ၃၃၄၀ )ကျပ် ၊ဓာတ်ဆီ (95) တစ်လီတာလျှင် (၃၃၉၀)ကျပ် များဖြင့် ဖြစ်ပေါ်ရောင်းချခဲ့၍ ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်လျှင် ယခုတစ်ပတ်တွင် ဒီဇယ် ( ရိုးရိုး) တစ်လီတာလျှင် (၆၅)ကျပ်နှင့် ဒီဇယ် ( ပရီမီယံ) တစ်လီတာလျှင် မှာ(၇၅)ကျပ် ကျဆင်းခဲ့ပြီး ဓာတ်ဆီ (92 ) နှင့်(95) တစ်လီ တာလျှင် ( ၇၀ )ကျပ် ကျဆင်းခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။
DOCA(မန္တလေး)