အပြည်ပြည်ဆိုင်ရာအမျိုးသမီများနေ့အခမ်းအနားအား တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်

Powered by Drupal

             တနင်္သာရီတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ မတ်လ(၈)ရက်နေ့၊ နံနက်(၉း၀၀) နာရီအချိန်တွင် အပြည်ပြည်ဆိုင်ရာအမျိုးသမီများနေ့ အခမ်း အနားအား ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့်အတူ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီး ဌာနမှ တက်ရောက်ခဲ့ပါသည်။

            အဆိုပါအခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြော ကြားခဲ့ခြင်း၊ Video Clip များပြသခြင်းနှင့်ဝန်ထမ်းများနှင့်ကလေးများမှ ကပြဖျော်ဖြေခဲ့ကာ အခမ်း အနားအား (၁၀း၀၀) အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)