“ ဒလမြို့နယ်ဈေးကွက်အတွင်းအခြေခံစားသောက်ကုန်များဖြစ်သည့်ဆန်နှင့် စားသုံးဆီဈေးနှုန်းများကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

ဒလမြို့နယ် ၊ မတ်  (၁၀) ရက်

ရန်ကုန်တိုင်းဒေသကြီး၊  တွံတေးခရိုင်၊ ဒလမြို့နယ် ဈေးကွက်အတွင်းအခြေခံ စားသောက်ကုန်များဖြစ်သည့် ဆန်နှင့်စားသုံးဆီအမျိုးမျိုးတို့၏ အခြေအနေအား မတ်လ(၆) ရက်နေ့၊ နေ့လည်(၁၀:၃၀)နာရီအချိန်တွင် ဒလမြို့နယ် စည်ပင်သာယာဈေးများဖြစ်သော အောင်ဇေယျဈေးနှင့် ကမာကဆစ်ဈေးတို့တွင် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော ဆန်ဆိုင်များ၊ စားသုံးဆီ အမျိုးမျိုး ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော ကုန်ခြောက်ဆိုင်များ သို့ ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်းသိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိ သူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံနှင့် ဝန်ထမ်းများ၊ စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ပူးပေါင်း၍ ဒလမြို့နယ်စည်ပင်သာယာဈေး များဖြစ်သော အောင်ဇေယျဈေးနှင့် ကမာကဆစ်ဈေးတို့၏ အတွင်း/အပြင်ရှိ ဆန်ကြမ်း၊ ဆန်ချောအမျိုးအစားအလိုက် ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆန်ဆိုင်ပိုင်ရှင် စီးပွားရေး လုပ်ငန်းရှင်များအား ဆန်အမျိုးအစားအလိုက် သတ်မှတ်ထားသော သင့်တင့်မျှတသည့် ဆန်ဈေးကွက်ဈေးနှုန်းများထက် မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန်၊ စားသုံးဆီအမျိုးမျိုးတို့တွင်လည်း သတ်မှတ် ထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြပါရှိသော စားသုံးဆီများကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချကြရန် စားအုန်းဆီဈေးနှုန်း များကို လက်လီ၊ လက်ကား အခြေခံရည်ညွှန်းဈေးအပေါ် နှစ်ရာခိုင်နှုန်းနှင့်ပိုသော ဈေးနှုန်းဖြင့်သာ ပြန်လည်ဖြန့်ဖြူး ရောင်းချပေးကြရန် ဆန်ဈေးနှုန်း၊ စားအုန်းဆီဈေးနှုန်း တည်ငြိမ်မှုမရှိစေရေးနှင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေး အသိပညာ ပေးပြောကြားခဲ့ပြီး ဆန်နှင့် စားအုန်းဆီ ဖြန့်ဖြူးရောင်းချနေသော ဈေးနှုန်းအခြေအနေ တို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။     

DOCA(ရန်ကုန်)