“ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်ရှိလက်လီလက်ကားအရောင်းဆိုင်များသို့ ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်ခဲ့မှုအခြေအနေ”

Powered by Drupal

ကွမ်းခြံကုန်းမြို့နယ်၊ မတ်  (၁၀) ရက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်ရှိ စားအုန်းဆီ လက်လီ လက်ကား အရောင်းဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး ၏ ညွှန်ကြားချက်နှင့်အညီ စားသုံးသူပြည်သူများ နေ့စဉ်စားသုံးလျက်ရှိသော စားအုန်းဆီများ လက်လီလက်ကား ရောင်းချနေမှု အခြေအနေများကို မတ်လ (၄)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီ အချိန်တွင် ပူးပေါင်းဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင် သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ဦးဇော်အေးမင်း၊ ဦးထွန်းထွန်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဝန်ထမ်းများ ပူးပေါင်း၍ ရပ်ကွက်များနှင့် စည်ပင် သာယာဈေးအတွင်းရှိ လက်လီရောင်းချနေသော ကုန်စုံဆိုင်များဖြစ်သည့် ဆိုင်(၃၁) ဦးမြင့်မင်းသူကုန်စုံဆိုင်၊ ဆိုင်(၁/၂)ဒေါ်မျိုးသူဇာထွန်းကုန်စုံဆိုင်(၁၃/၁၄) ဒေါ်မြသီတာကျော် ကုန်စုံဆိုင်၊ ကုန်စိမ်း(၄) ဦးခန့်ငွေကုန်စုံ ဆိုင်၊ ဆိုင်(၄၂/၄၃) ဒေါ်လဲ့လဲ့ဝင်းကုန်စုံဆိုင်တို့မှ မိမိတို့ရောင်းချရမည့် ရပ်ကွက်/ကျေးရွာများရှိ အိမ်ထောင်စုစာအုပ်များဖြင့် ရောင်းချခြင်းများ ကို ၎င်းစားအုန်းဆီ လက်လီလက်ကား ရောင်းချနေသော ဗိုလ်ချုပ်လမ်း၊ ကံကြီးမကျီး ရပ်ကွက်ရှိ ဦးဟိန်းသော်ဇင်ဦး (K M A Asia) အရောင်းဆိုင်တို့ရှိ စီးပွားရေးလုပ်ငန်း ရှင်များနှင့် တွေ့ဆုံကာ စားအုန်းဆီဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီအမည်၊ ခွဲတမ်းရရှိ သည့် စားအုန်းဆီ ပေပါ၊ ပိဿာ၊ ဖြန့်ဖြူးရောင်းချပေးသည့် ပေပါ၊ ပိဿာ၊ ပြန်လည်ဖြန့်ဖြူး ရောင်းချသည့်လက်လီလက်ကား ဈေးနှုန်းတို့အား စာရင်းကောက်ယူခဲ့ပြီး စားအုန်းဆီ ကိုယ်စားလှယ်များ အနေဖြင့် သတ်မှတ် ရည်ညွှန်းဈေးတွင် သယ်ယူစရိတ်၊ လုပ်အားခများ ထည့်သွင်းတွက်ချက်ပြီး နှစ်ရာခိုင်နှုန်း ထက်မပိုသော အမြတ်ဖြင့် ပြန်လည်ဖြန့်ဖြူး ရောင်းချကြရန်နှင့် ဈေးကစားရန်ရည်ရွယ် ချက်ဖြင့် သိုလှောင်ထားခြင်း မပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေး တွေ့ဆုံဆွေးနွေးခဲ့ပြီး ဈေးကွက်အတွင်း ကွင်းဆင်းစိစစ်ကြပ်မတ် စစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)