
တွံတေးမြို့နယ် ၊ မတ်လ (၁၀) ရက်
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ယခုနှစ်နွေစပါး (၄၂၈၀၄) ဧက စိုက်ပျိုးရန် လျာထားဧက ရာခိုင်နှုန်းပြည့် စိုက်ပျိုးပြီးစီးခဲ့ပြီး သီးထပ်သီးနှံ နွေစပါးများ စိုက်ပျိုး အောင်မြင်လျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
တွံတေးမြို့နယ်၌ ယခုနှစ်နွေစပါးလျာထားဧက (၄၂၈၀၄) ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး အတွက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှ စတင်စိုက်ပျိုးခဲ့ရာ ယခုအချိန်တွင် ရာနှုန်းပြည့် စိုက်ပျိုးနိုင်ခဲ့ပြီး နွေစပါးစိုက်ပျိုးချိန်၌ အထွက်နှုန်းကောင်းမွန်အောင် စိုက်ပျိုးနည်းမှန်ကန်စေရေး၊ မျိုးကောင်း မျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ သီးနှံဖျက် ပိုးမွှား အန္တရာယ်ကင်းရှင်းစေရေးအတွက် ပိုးသတ်ဆေးစနစ်တကျ အသုံးပြုနိုင်ရေး၊ စိုက်ပျိုး သွင်းအားစုများအား စနစ်တကျထည့်သွင်းနိုင်ရေးစတဲ့ တောင်သူ အသိပညာပေးခြင်း များအား သက်ဆိုင်ရာမြို့နယ် စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီများမှ ဆောင်ရွက်ပေးကာ သီးနှံအထွက်နှုန်းကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသအတွင်းစားသုံးဖူလုံမှုကို အထောက်အကူ ဖြစ်စေမည့်အပြင် ပြည်ပသို့ လည်း ပိုမိုတင်ပို့နိုင်မည်ဖြစ်ကာ နိုင်ငံ့ဝင်ငွေနှင့် ဆန်ဈေးနှုန်းတည်ငြိမ်ရေးကိုလည်း အထောက် အကူပြုမည်ဖြစ်ကြောင်း သိရသည်။
DOCA(ရန်ကုန်)