သာကေတမြို့နယ်ရှိ မြတ်သဇင်ဆေးဆိုင်အား သွားရောက်စစ်ဆေးခြင်း

Powered by Drupal

ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူ ရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း(ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည်  7.3.2025 ရက်နေ့၊ နေ့လည် (1၃:00) နာရီတွင်  သာကေတမြို့နယ်၊ (၈)ရပ်ကွက်၊ ရွှေအုပ် ဂူလမ်းရှိ မြတ်သဇင်ဆေးဆိုင်အား စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့စစ်ဆေးရာတွင် ဆေးဆိုင်တွင် ဆေးနှင့်ဆေးပစ္စည်းအမျိုးပေါင်း(1၀၀)မျိုးကျော်  ရှိသည့်အနက် အစာအိမ်ဆေး၊ ဝမ်းနှုတ်ဆေး၊ ချွဲပျော်ဆေး သွေးကျဆေး၊ သွေးကျဲဆေး၊ အကိုက်ခဲပျောက်ဆေး၊ နှာစေးပျောက်ဆေး၊ ဆီးချိုဆေး၊ လေဆေး၊ အားဆေး၊ ပိုးသတ်ဆေး၊ ဓာတ်ဆားထုပ် စသည့်တို့မှာ လူသုံးများသော်လည်း၊ ပစ္စည်းပြတ်လပ်မှုမရှိသဖြင့် ဆေးဈေးနှုန်းများကို ဈေးနှုန်းမြှင်တင်ရောင်းချခြင်းမပြုရန်၊ စစ်ဆေးတွေ့ရှိပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း ဆိုင်တာဝန်ခံအား အသိပေးပြောကြားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)