(၃၀)ဈေးအတွင်း စားသုံးဆီ(ဘူးသွင်း)ဆီ အမျိုးမျိုးရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေး.ခြင်း

Powered by Drupal

          ၂၀၂၅ခုနှစ်၊ မတ်လ ၆ ရက်နေ့တွင်  ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြောက်ဒဂုံ မြို့နယ်၊ (၃၀) ဈေးအတွင်း စားသုံးဆီအမျိုးမျိုး(ဘူးသွင်းဆီ)ရောင်းချသည့် ဆိုင်(၅)ဆိုင်များကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

     ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှ့ပိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အတွက် ဈေးကွက် အတွင်း ရောင်းချနေသည့် ဘူးသွင်းစားသုံးဆီများကိုစစ်ဆေးရာတွင် အမေထွားပဲဆီသန့်၊ ရန်ကုန်ပဲဆီသန့်၊ မေဇင် (ဟင်းသီး ဟင်းရွက်ဆီ၊ Goody ပဲပိစပ်ဆီ၊ ပုဇွန်နှစ်ကောင်ဆီအပါအဝင် အခြားဆီဘူးများ တို့တွင် ကုန်အညွှန်း အမှတ်အသားများကို ညွှန်ကြားချက်နှင့်အညီဖော်ပြ ထားသည်ကို စိစစ်တွေ့ရှိရသဖြင့် လုပ်ငန်းရှင် များအနေဖြင့် တရားမဝင်တင်သွင်းလာသော စားသုံးဆီများကို ရောင်းချခြင်းမပြုလုပ်ရန် ပြောကြား ခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာအသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)