ဆန်ဈေးနှုန်းကြီးမြှင့်စွာရောင်းချမှုမရှိစေရေး ကွင်းဆင်းကြပ်မတ်အသိပညာပေး ဆောင်ရွက်ခြင်း

Powered by Drupal

          (၁၁-၃-၂၀၂၅) ရက်နေ့၊ (၁၁:00)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း(ဌာနခွဲစာရေး) နှင့်ဝန်ထမ်းများသည် အမှတ်(၂)ဈေး၊ သာကေတ မြို့နယ်အတွင်းရှိ ဆန်အရောင်းဆိုင်(၃)ဆိုင်သို့ သွားရောက်၍ ဆန်ရောင်းချမှု အခြေ အနေအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆန်များသတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချနေခြင်း ရှိ/မရှိ ကို စစ်ဆေးခြင်းဖြစ်ပြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဆန်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မပြုရန်နှင့် ဈေးကစားရန် အလို့ငှာ ဆန်များကို သိုလှောင်ထားခြင်းမပြုရန် ပြောကြားခဲ့ပြီး ၊ ထိုသို့ပြုလုပ်သည်ကို စစ်ဆေးတွေ့ရှိပါက  အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)