ဓနုဖြူမြို့ပေါ်ရှိ ဓါတ်မြေဩဇာနှင့် စိုက်ပျိုးရေးဆေးဆိုင်များအား ကုန်အညွှန်းအမှတ်အသား ပြည်စုံမှု ရှိ/ မရှိ   ကွင်းဆင်းစစ်ဆေး

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ် ဦးစီးမှူး ဦးဝင်းမင်းနှင့်ဝန်ထမ်းများသည် သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၁၁.၆.၂၀၂၂) နေ့ နံနက် (၀၉;၃၀) နာရီမှ နေ့လည် (၁၂:၀၀) အထိ ဓနုဖြူမြို့ပေါ်ရှိ ဓါတ်မြေဩဇာနှင့် စိုက်ပျိုးရေး ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

       အဆိုပါ ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုတွင် ဓနုဖြူမြို့ပေါ်ရှိ ဓါတ်မြေဩဇာနှင့် စိုက်ပျိုးရေးဆေးဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည်စုံသော ဓါတ်မြေဩဇာနှင့် စိုက်ပျိုးရေး ဆေးပစ္စည်းများကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းများကို ရှင်းလင်းဆွေးနွေးခြင်းနှင့် လုပ်ငန်းရှင်များ၏ လိုက်နာရမည့် ကျင့်ဝတ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)