ဒေသတွင်းဆန်ဆိုင်ကြီးများအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

၂၀၂၅ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့၊ (၁၄း၀၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်း‌ဒေသကြီးဦးစီးမှူးရုံးမှ  ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ပူးပေါင်း၍ ပြည်တွင်းဆန်စျေးနှုန်းများ သင့်တင့်မျှတစွာဖြင့် တည်ငြိမ်မှန်ကန်စေရေးအတွက် ထားဝယ်မြို့၊ ဒေါင်းငူရပ်၊ ဘုံမ္မော်ရပ်ရှိ ဆန်အရောင်းဆိုင်ကြီးများအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ ပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးရာတွင် ပြည်တွင်းစားဆန်စျေးနှုန်းများ သင့်တင့်မျှတစွာဖြင့် တည်ငြိမ်မှန်ကန်စေရေး အတွက် ဆန်စျေးနှုန်းများ စျေးနှုန်းမြှင့်တင်ရောင်းချမှုများ ရှိ/မရှိ၊ အလေး ချိန်မှန်ကန်စွာဖြင့် ချိန်တွယ်ရောင်းချမှုများ ရှိ/မရှိနှင့် ဝိသမလောဘဖြင့် သိုလှောင်မှုများ ရှိ/မရှိ  စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)