
၂၀၂၅ ခုနှစ်၊ မတ်လ (၁၀) ရက်နေ့၊ နံနက်(၉:၃၀) နာရီအချိန်တွင် စားသုံးသူ ရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးမျိုးအောင်(ဦးစီးမှူး) ဦးဆောင်၍ မြို့နယ်စည်ပင် သာယာရေးဌာနနှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစား သောက်ကုန်အရောင်း ဆိုင်များအား ဈေးနှုန်းများမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များမှ ကုန်ပစ္စည်းများမှာ ယခင်အပတ်နှင့်ဈေးနှုန်းနှိုင်းယှဉ် ပါက ငရုတ်ခြောက်ရှည်၊ ကုလားပဲ၊ ပဲနီလေး၊ ခရမ်းချဉ်သီးနှင့် ကြက်သွန်ဖြူ(ကြူကုတ်)တို့မှာ ဈေးနှုန်းများအနည်းငယ် ကျဆင်းလာပြီး ထိုကဲ့သို့ ဈေးနှုန်းကျဆင်းလာရခြင်းမှာ ငရုတ်ခြောက်ရှည် ကုလားပဲ ပဲနီလေးနှင့် ခရမ်းချဉ်သီးတို့မှာ ရာသီပေါ်ချိန်ဖြစ်သောကြောင့်နှင့် ကြက်သွန်ဖြူ (ကြူကုတ်) ဈေးနှုန်းကျဆင်းလာရခြင်းမှာ တရုတ်(ယွမ်)ငွေ ဈေးနှုန်းကျဆင်းလာသောကြောင့် ဖြစ်ပါသည်။ မန်ကျည်းသီးဈေးနှုန်းအနည်းငယ် မြင့်တက်ခဲ့ပါသည်။ ယင်းသို့ ဈေးနှုန်းမြင့်တက်ရ ခြင်းမှာ ဝယ်လိုအားများသောကြောင့်ဖြစ်ပါသည်။
ထို့နောက် စစ်ဆေးရေးမှူးနှင့်တာဝန်ရှိသူများသည် အခြေခံစားသောက်ကုန်များ ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းမပြုကြရန်၊ သင့်တင့်မျှတသောဈေးနှုန်းများဖြင့်သာ ရောင်းချကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၀)ပါ “စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ” ကို လိုက်နာ ဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
DOCA(ရှမ်း)