စစ်ကိုင်းမြို့၊ သီလရှင်အပါး(၁၀၀၀)အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ပါဝင်လှူဒါန်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း များသည် ၂၀၂၅ခုနှစ်၊ မတ်လ ၁၁ရက်နေ့ နံနက် (၆:၃၀)နာရီအချိန်တွင် စစ်ကိုင်းမြို့၊ သီတဂူ အကယ်ဒမီဝိပဿာနာကျောင်း၌ စစ်ကိုင်းမြို့၊ သီလရှင်အပါး(၁၀၀၀)အား ဆွမ်းဆန်စိမ်းလောင်းလှူ ပွဲကို ပါဝင်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါကုသိုလ်ပြုလုပ်ရာတွင် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များက ပူးပေါင်းပါဝင်ကုသိုလ်ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)