
၂၀၂၅ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရွှေဘိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ (၁၁.၃.၂၀၂၅)ရက်နေ့တွင် နံနက်(၉:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့ သူနာပြုသင်တန်းကျောင်း၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကျင်းပခဲ့ပါသည်။
အခမ်းအနားကို အပိုင်း(၂)ပိုင်းဖြင့် ဆောင်ရွက်ခဲ့ပါသည်။ ပထမပိုင်းအခမ်းအနားကို အစီအစဉ်အစီအစဉ်(၇)ခုဖြင့် ကျင်းပခဲ့ပြီး ရွှေဘိုခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌက အဖွင့်အမှာစကား ပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးက ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အကြောင်းနှင့် တစ်နှစ်တာလုပ်ငန်းဆောင်ရွက် ချက်များကိုရှင်းလင်းခြင်း၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများ နေ့Video Clipပြသခြင်း၊ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်း၊ ဧည့်ခံကျွေးမွေးခြင်းတို့ဖြစ်ကြောင်း၊ ဒုတိယပိုင်းအခမ်းအနားကို အစီအစဉ်(၂)ခုဖြင့် ကျင်းပခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေအား ရှင်းလင်းဆွေးနွေးခြင်းနှင့် အခမ်းအနားပြီးမြောက်ကြောင်းကြေငြာခြင်းတို့ဖြစ်ကြောင်း၊ အခမ်းအနားသို့ ရွှေဘိုခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသား၊သင်တန်းသူများ စုစုပေါင်း(၁၆၇)ဦးတက်ရောက်ခဲ့ပြီး အခမ်းအနားကို (၁၀:၃၀)နာရီအချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)