ကလေးမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း

Powered by Drupal

                   ကလေးမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ဌာနဆိုင်ရာ ဝန်ထမ်းများအား ( ၁၁.၃.၂၀၂၅ )ရက်နေ့၊ နံနက်( ၁၁: ၃၀ )အချိန်၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများ နေ့အထိမ်းအမှတ်အဖြစ် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်း ဦးဆောင်၍ ဝန်ထမ်းများနှင့်အတူ ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ နှစ်စဉ် မတ်လ (၁၅)ရက်နေ့တွင် မြန်မာနိုင်ငံအနှံ့အပြား၌ စားသုံးသူရေးရာဦးစီးဌာနမှ ဟောပြောပွဲများကျင်းပပြုလုပ် ၍ အခမ်းအနားပွဲများဖြင့် ကျယ်ကျယ်ပြန့်ပြန့် ကျင်းပပြုလုပ်လာကြကြောင်းနှင့် စားသုံးသူ ရေးရာဦးစီးဌာနမှ လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကိစ္စရပ်များနှင့် ပတ်သက်၍ မေးမြန်းလိုပါက Consumer Call Center ( 1535 )သို့လည်းဆက်သွယ်၍ မေးမြန်းနိုင်ပါကြောင်း၊ ကုန်ပစ္စည်းများ ဝယ်ယူအသုံးပြုမည်ဆိုပါက ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှသာ စိတ်ချယုံကြည်စွာ စားသုံးနိုင် မည်ဖြစ်သည့်အတွက် မိမိတို့ဝယ်ယူမည့် ပစ္စည်းများကို သေချာစွာစိစစ်၍ ဝယ်ယူအသုံးပြုကြရန် လိုအပ်ပါကြောင်း၊ ကုန်ပစ္စည်းများကို ဈေးကွက်ကျယ်ပြန့်စေရန်အတွက် ကြော်ငြာခြင်း၊ လှည့်လယ် ရောင်းချခြင်းများတွင် ရောင်းသူ၏ တိုက်တွန်းနှိုးဆော်ချက်ဖြင့် ဝယ်ယူခြင်းမပြုဘဲ မိမိတို့စိတ်ကြိုက် ရွှေးချယ်၍ဝယ်ယူရန် လိုအပ်ပါကြောင်း၊ ပြည်ပနိုင်ငံများမှမြန်မာနိုင်ငံအတွင်းသို့ တင်သွင်းလာသော ကုန်ပစ္စည်းများကို မြန်မာဘာသာဖြင့်ဖော်ပြရန် ညွှန်ကြားချက်အမှတ်၊ ၂/၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ကုန်စည်အုပ်စုအလိုက် ပါဝင်ရမည့်အချက်အလက်များကို အသေးစိတ်ဖော်ပြပါရှိရမည်ဖြစ်သည့်အတွက် ဝယ်ယူအသုံးပြုသူများအနေဖြင့် မိမိတို့ဝယ်ယူသည့် ကုန်ပစ္စည်းများကို သတိပြု၍ဝယ်ယူအသုံးပြုကြရန်နှင့် ဝန်ဆောင်မှုကိစ္စရပ်များနှင့်ပတ်သက်၍ လုပ်ငန်းရှင်များဘက်မှ အာမခံချက်ပေးထားသည့် ရက်အကန့်အသတ်အတွင်းသာ အကြုံးဝင်ပြီး သတ်မှတ်ရက်ကျော်လွန်ပါက အသုံးမဝင်တော့ပါကြောင်း၊ အသုံးပြုသူများအနေဖြင့်လည်း ကုန်ပစ္စည်း ၏ဗူးခွံပေါ်နှင့် အတွင်းဗူးတွင်ပါဝင်သည့် လမ်းညွှန်ချက်များအတိုင်း လိုက်နာ ဆောင်ရွက်ရမည်ဖ ြစ်ပါကြောင်း၊ စားသုံးသူရေးရာဦးစီး ဌာန၏လုပ်ငန်းဆောင်တာများနှင့် ပတ်သက်၍ မိမိသိလိုသည့် အကြောင်းအရာများအား တယ်လီဖုန်း ဖြင့်ဖြစ်စေ၊ လူကိုယ်တိုင် လာရောက်၍ဖြစ်စေ မေးမြန်းနိုင်ပါ ကြောင်းနှင့် လိုအပ်သည်များကိုလည်း ကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ပြောကြား၍ အသိပညာပေးဟောပြောခြင်းကို (၁၂:၀၀)နာရီ အချိန်တွင် အခမ်းအနားပြီးဆုံးကြောင်း သတင်းရရှိရပါ သည်။

DOCA(စစ်ကိုင်း)