
၂၀၂၅ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့မှာ ကျရောက်တဲ့ “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” (World Consumer Rights Day) အထိမ်းအမှတ်အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့်တကွ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မန္တလေး တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၊ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာများနှင့် အသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူများ၊ မန္တလေးသူနာပြုတက္ကသိုလ်၊ စိုက်ပျိုးရေး သိပ္ပံနှင့် အ.ထ.က(၁၄) တို့မှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၊ စုစုပေါင်း (၃၀၀)ဦး တက်ရောက်ခဲ့ကြပါသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာစကား ပြောကြားခြင်း၊ စီးပွားရေးရာဝန်ကြီး၊ ဦးသိန်းဌေးက စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများ ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးစီးမှူးရုံး၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေက စားသုံးသူကာကွယ်ရေးဥပဒေ အကြောင်းသိကောင်းစရာများ၊ မန္တလေးတိုင်းဒေသကြီး၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း (Online Sales) လုပ်ငန်းများမှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်းနှင့်ပတ်သက် ၍ ရှင်းလင်းတင်ပြခဲ့ပြီး "စောင့်ရှောက်ဝိုင်းကူ စားသုံးသူ" တေးသီချင်းဖြင့် စားသုံးသူရေးရာ ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လှပျိုဖြူများက ကပြဖျော်ဖြေခြင်း၊ စားသုံးသူကာ ကွယ်ရေးဆိုင်ရာ အသိပညာပေး Video Clip ပြသခြင်း၊ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခြင်းများ ပြုလုပ်ခဲ့ပါသည်။
ဆက်လက်၍ မန္တလေးသူနာပြုတက္ကသိုလ်၊ စိုက်ပျိုးရေးသိပ္ပံနှင့် အ.ထ.က (၁၄) တို့မှ ကျောင်းသား/ကျောင်းသူများမှ ဉာဏ်စမ်းပဟေဠိ ဖြေဆိုခြင်းနှင့် ဉာဏ်စမ်းပဟေဠိ ဖြေဆိုသူ များအား ဆုချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)