
စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ခရိုင်ဦးစီးမှူး ဦးဇော်မင်းသည် ၂၀၂၅ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့တွင် မိတ္ထီလာမြို့နယ်အတွင်းရှိ ကျော် ၊ ကိုဒီးဒီး ၊ ဝင်းမာလာ ၊ ထိန်ယွန်းစသည့် လျှပ်စစ်ပစ္စည်းအမျိုးမျိုး၊ ဖုန်းနှင့်ဆက်စပ်ပစ္စည်း အရောင်းဆိုင် လုပ်ငန်းရှင်များနှင့် ခရိုင်ဦးစီးရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ခရိုင်ဦးစီးမှူးမှ လျှပ်စစ်ပစ္စည်းအမျိုးမျိုး၊ ဖုန်းနှင့်ဆက်စပ်ပစ္စည်းတွင် ကုန်စည်အမျိုး စားအလိုက် ကုန်အညွှန်းအမှတ်သားများအား ပြည့်စုံစွာဖော်ပြရန်အတွက် မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ထားရှိသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အမိန့် ကြေငြာစာ (၂/၂၀၁၉)အား ထုတ်ပြန်ထားရှိကြောင်းကိုလည်းကောင်း၊ ကုန်စည်များတွင်မြန်မာဘာသာ ဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြား ဘာသာတွဲလျှက်ရှိစေဖော်ပြရမည့် အချက်အလက်များကို လည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသော ကုန် ပစ္စည်းများကိုသာရောင်းချကြရန် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)